Monday, March 24, 2014

ဂျပန်က မြန်မာကို ဂျပန်ယန်းငွေ ၈ ဘီလီယံ ထပ်မံပေးမယ်

ABC

မြန်မာနိုင်ငံမှာ ​ဂျပန်နိုင်ငံခြားရေး ​၀န်ကြီး ​Fumio ​Kishida ​ရောက်ရှိနေချိန်မှာပဲ ​ဂျပန်နိုင်ငံက ​မြန်မာနိုင်ငံကို ​ဂျပန်ယန်းငွေ ​ရှစ် ​ဘီလီယံ ​- ​(အမေရိန်ဒေါ်လာ ​- ​၇၈၃၃၈၈) ​ထောက်ပံ့ကူညီပေးသွားဖို့ ​အတွက် ​ဒီကနေ့ ​တနင်္လာနေ့မှာ ​ကြေညာသွားဖို့ ​ရှိပါတယ်။

အ ​ဆို ​ပါ ​ထောက် ​ပံ့ ​ကြေး ​တွေဟာ ​မြန်မာ ​နိုင်ငံ ​အနေနဲ့ ​အရှေ့ ​တောင် ​အာရှ ​နိုင်ငံတွေက ​မီးရထား ​သယ်ယူ ​ပို့ဆောင်ရေး ​စောင့်ကြည့် ​လေ့လာတဲ့ ​စနစ်တွေ ​တည် ​ဆောက် ​နိုင်ဖို့ ​အတွက်နဲ့ ​ဆေးရုံ ​ဆေးခန်း ​တွေမှာ ​လိုအပ်တဲ့ ​ဆေးပစ္စည်း ​ဆိုင်ရာ ​ကိရိယာတွေ ​စတင် ​အသုံးပြုနိုင် ​ဖို့အတွက် ​အသုံးပြု ​သွားမယ်လို့ ​နှစ်ဘက် ​အစိုးရနဲ့ ​နီးစပ်တဲ့ ​အသိုင်း ​အ၀ိုင်းက ​ပြောပါတယ်။

ဂျပန်နိုင်ငံ ​ခြားရေးဝန်ကြီး ​Fumio ​Kishida ​ဟာ ​တနင်္ဂနွေနေ့မှာပဲ ​မြန်မာနိုင်ငံကို ​ရောက်ရှိ ​သွားတာဖြစ်ပြီး ​ခရီးစဉ် ​အတွင်းမှာ ​မြန်မာနိုင်ငံ ​ခြားရေးဝန်ကြီး ​ဦးဝဏ္ဏမောင်လွင်နဲ့ ​သမ္မတ ​ဦးသိန်းစိန် ​တို့ ​ကိုတွေ့ဆုံဖို့ရှိပြီး ​မြန်မာနိုင်ငံကို ​ပေးမယ့် ​ထောက်ပံ့ကြေး ​အသစ် ​အကြောင်းကို ​ဆွေးနွေး ​သွားကြမယ်လို့ ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ခုနှစ် ​ဒီဇင်ဘာလကစပြီးတော့ ​မြန်မာနိုင်ငံအပေါ်ပေးနေတဲ့ ​ဂျပန်နိုင်ငံရဲ့ ​ထောက်ပံ့ကြေးတွေဟာ ​ဂျပန် ​ယန်းငွေ ​၁၆၀ ​ဘီလီယံလောက်ရှိပြီ ​ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ​ခရီးစဉ်အတွင်းမှာ ​ဒုတိယ ​ကမ္ဘာစစ်အတွင်း ​သေဆုံးသွားခဲ့တဲ့ ​ဂျပန်စစ်သားတွေအကြောင်း ​ပူးတွဲလေ့လာမှုတွေနဲ့ပတ်သက်ပြီးတော့လည်း ​ထပ်မံစကားပြောဆို ​ဆွေးနွေး ​သွားဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။

No comments:

Post a Comment