Saturday, May 3, 2014

ဗကသ ညီလာခံ ၂ဝ၁၅ မတိုင်မီ လုပ်မည်

နန်းလွင်နှင်းပွင့်

၂ဝ၁၅ ခုနှစ်မတိုင်မီ ကျင်းပရန်ရည်ရွယ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ) ညီလာခံ ကျင်းပရန်အတွက် ညီလာခံပြင်ဆင်ရေး ကော်မတီကိုယ်စားလှယ်များကို တစ်နိုင်ငံလုံးရှိ ကျောင်း တိုင်းတွင် အစည်းအဝေးများ ပြုလုပ်ပြီး စတင်ရွေးချယ်သွားမည်ဖြစ်ကြောင်း ဗကသအဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့်ပေးထားသူ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က မဇ္စျိမသို့ ပြောသည်။

၁၉၉၁ ခုနှစ်မှ နောက်ဆုံးကျင်းပပြုလုပ်ခဲ့သည့် ဗကသ ညီလာခံကို ယခု ၁၃ နှစ်အကြာတွင် ပြန်လည် ခေါ်ယူကျင်းပနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ ဗကသအဖွဲ့ဝင်များ ဧပြီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် စုဝေး ဆွေးနွေးမှုများပြုခဲ့သည့် စုံညီအစည်းအဝေးတွင် ညီလာခံပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန်နှင့် ထိုကော်မတီအတွက် ကိုယ်စားလှယ်ရွေးချယ်သွားရန် ဆုံးဖြတ်ချက်ထွက်ရှိပြီးနောက် အထက်ပါအတိုင်း ကျောင်း များနှင့် ခရိုင်များတွင် စတင်ပြင်ဆင်နေခြင်းဖြစ်သည်။

အတွင်းရေးမှူး မဖြိုးဖြိုးအောင်က “အစည်းအဝေးထိုင်ပြီးတဲ့နောက် ကိုယ်စားလှယ်တွေအသီးသီးက တက္ကသိုလ်ကျောင်းအသီးသီးမှာ အစည်းအဝေးတွေ ပြန်လုပ်ပြီး အဲ့ဒီကနေတစ်ဆင့် ကိုယ်စားလှယ်တစ် ယောက် ရွေးမယ်။ ပြီးရင် ခရိုင်၊ ခရိုင်ကနေ နောက်ဆုံး နိုင်ငံလုံးဆိုင်ရာမှာ ပြန်ရွေးမယ်”ဟု ဆိုသည်။

ပြင်ဆင်ရေးကော်မတီတွင် ကိုယ်စားလှယ်များထားရှိရန် ကျောင်းအစည်းအဝေး၊ ခရိုင်အစည်းအဝေးတို့မှ အဆင့်ဆင့် ရွေးချယ်သွားမည်ဖြစ်ပြီး ခရိုင်မှရွေးချယ်လိုက်သည့် ကျောင်းသားကိုယ်စားလှယ်များအား ပြင် ဆင်ရေးကော်မတီတွင် ထည့်သွင်းသွားမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းသားကိုယ်စားလှယ် ၃၄ ဦးရှိပြီး ၎င်းတို့မှ သက် ဆိုင်ရာမြို့နယ်အသီးသီးတွင် အစည်းအဝေးများ လုပ်ဆောင်သွားမည်ဟုလည်း မဖြိုးဖြိုးအောင်က ဆို သည်။

အဆိုပါညီလာခံကို ပြန်လည်ကျင်းပပြုလုပ်ရခြင်းမှာ ကျောင်းသားများက ပြည်သူ့အရေး၊ ကျောင်းသား အရေး စသည့် အရေးကိစ္စများတွင် ဗကသ ညီလာခံမှ ရွေးချယ်ထားသည့် ကျောင်းသားခေါင်းဆောင်များ က ပါဝင်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။

၁၉၈၉ ခုနှစ်၊ မေလ ၁၉ ရက်တွင် မန္တလေး၌ နိုင်ငံလုံးဆိုင်ရာ ဗကသများညီလာခံအား ဦးဆောင်ကျင်းပခဲ့ သူ ဦးညိုထွန်းက “၁၉၈၉ နောက်ပိုင်းမှာ သေချာစနစ်ကျတဲ့ ညီလာခံဆိုတာ မရှိတော့ဘူး၊ အခု မျိုးဆက် သစ်တွေ ပြန်လုပ်ဆောင်နိုင်မယ်ဆိုတော့ ဝမ်းသာတယ်၊ ကြိုဆိုတယ်၊ ညီလာခံက ကျောင်းသားတွေရဲ့ ညီညွတ်မှု၊ စနစ်ကျမှုကို ဖြစ်စေတယ်”ဟု ပြောသည်။

၁၉၈၉ ခုနှစ်တွင် ကျင်းပခဲ့သည့် ညီလာခံအပြီးတွင် တစ်နိုင်ငံလုံးမှ ဗကသကျောင်းသားလူငယ်များ ညီ ညွတ်လာပြီး၊ ဗကသမှ ပြည်သူအရေး၊ ကျောင်းသားအရေးကိစ္စများ ဆောင်ရွက်ရာတွင် စနစ်ကျမှုများရှိ လာသည်မှာ အစိုးရပင် တုန်လှုပ်ခဲ့ရသည့်အတွက် ယခုညီလာခံဖြစ်ပေါ်ရေး ဆောင်ရွက်နေမှုတွင် တတ် အားသရွေ့ ကူညီမည်ဟု ၎င်းက ဆိုသည်။

ညီလာခံဆွေးနွေးမှုတွင် ရက်ရှည်ကြာမှုမဖြစ်စေရန် ကျောင်းအစည်းအဝေး၊ ခရိုင်အစည်းအဝေး အဆင့် ဆင့်တို့တွင် ဆွေးနွေးမည့် အဓိကအကြောင်းအရာများအား ရွေးချယ်လာမည်ဖြစ်ပြီး ညီလာခံတွင် ပြန် လည်ချပြကာ အတည်ပြုရန် ရည်ရွယ်ထားသည်။

No comments:

Post a Comment