Friday, May 23, 2014

ငြိမ်းချမ်းရေး မရသေးသည့် ကာလပတ်လုံး ဒုက္ခသည်များ ပြန်လည် နေရာမချနိုင်သေး

ဖြူ ဖြူ ကို

မေလ(၂၁) ရက်နေ့ ကထိုင်းနိုင်ငံ မဲ့စရီးယန်း ဒုက္ခသည်စခန်း အုပ်ချုပ်ရေး အလုပ် အမှုဆောင် အဖွဲ့ ၏(၃) လ တစ်ကြိမ် ပုံမှန်အစည်း တွင် ငြိမ်းချမ်းရေး ရရှိမှု အပေါ် မူတည်ပြီး မှသာ ဒုက္ခသည် များ နေရပ်သို
ပြန်လည်နေရာ ချထားနိုင်မည်ဟု ကရင် ဒုက္ခသည်များ ကော်မတီ မှ ပြောရေး ဆိုခွင့်ရှိသူ တီးကျော့ က ပြောပါသည်။

“တချို့ဒုက္ခသည် တွေက သူတို့ ဒေသ ငြိမ်းချမ်းရေးရင် တော့ပြန် ချင်ကြ တာပေါ့ အခုအခြေနေက မဖြစ်နိုင် သေးဘူး။ တချို့ ကတော့ တတိယ နိုင်ငံသွား ချင်တယ် တချို့ ကတော့ ထိုင်းမှာပဲ နေချင် ကြတာ လည်းရှိတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ရ ဖို့အတွက်တော့ တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစု နဲ့ မြန်မာ အစိုးရပေါ် မူတည်တယ်”ဟုပြောပါ သည်။

ယင်း အစည်းအဝေး သို့ ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် စခန်း (၉) ခုမှ ဒုက္ခသည် စခန်း တခုလျှင် ကော်မတီဝင် (၅) ဦးစီ တက်ရောက် ခဲ့ကြပြီး စုစုပေါင်း ကော်မတီ ၀င် (၄၅) ဦးတက်ရောက်ခဲ့သည်။

အစည်အဝေးတွင် ဒုက္ခသည် များ၏ ကာကွယ် စောင့်ရှောက်ရေး၊ အသက်မွေး ၀မ်းကြောင်း ရံပုံငွေ မှ (အသေးစား ငွေစု ငွေချေး လုပ်ငန်း၊ မွေးမြူးရေး၊ စိုက်ပျိုးရေး၊ အဟာရအစား အစာရရှိရေး၊ ကျန်းမာရေး နေရာထိုင်ခင်း နှင့် အိမ်အဆောက်ဦး ကိစ္စ ဆွေးနွေးခဲ့ ကြသည်ဟု ပြောပါသည်။

ဒုက္ခသည် စခန်းတွင် အထောက်အပံ့ လျော့နည်း သွားသည် ဆိုပေမယ့် စားဝတ်နေရေး အတွက် ဆက်လက် ထောက်ပံ့ကူညီ သွားမည်ဟု အလှူ ရှင်များက ဂတိပေးထား သည်ဟုဆိုပါသည်။

ဒုက္ခသည် စားနိုင် သောက်နိုင် သူများအား လူကြီး တစ်ဦးကို တလလျှင် ဆန်(၈) ကီလို ခလေး (၄) ကီလိုပေးပြီး ဆင်းရဲသူ၊ သား များကို လူကြီး တဦးကို ဆန် (၁၂) ကီလို ပေးပြီး ခလေး တဦးကို (၆ဲ) ကီလိုအထိပေး သည့်အပြင် ဆီ၊ ဆား၊ပဲ၊ အဟာရဖြစ်သည့် အစားအစာ များပေးသည်ဟု ဆက်ပြောပါသည်။

ထိုင်း- မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည် စခန်း(၉)ခု တွင် စုစုပေါင်း ဒုက္ခသည် ဦးရေ ၁ သိန်း ၄ သောင်း ၀န်းကျင်းရှိပါသည်။

ဒုက္ခသည် များသည် လတ်တလော အခြေအနေအရ အခက်အခဲ များစွာနှင့် ကြုံတွေ့ နေကြရပြီး တတိယနိုင်ငံအခြေချ ရေးအပါအ၀င် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိသားစု ပြန်လည် ပေါင်းစည်းရေး စသည့် ကဏ္ဍများတွင် အခက်အခဲ များစွာရှိ နေကြောင်း ကရင်နီ ဒုက္ခသည် စခန်းမှ အမျိုးသမီး တစ်ဦး က ပြောပါသည်။

ထိုင်းနယ်စပ်ရှိ ဒုက္ခသည် တသိန်းခွဲခန့် ရှိနေဆဲ ဖြစ်ပါသည်။ ယင်းဒုက္ခသည် များသည် နေရပ်ပြန်ပို့ ရန် ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရ တို့က လိုလား နေသော်လည်း ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီး အပါအ၀င် သက်ဆိုင်ရာ လူမျိုးစု နိုင်ငံရေး အဖွဲ့အစည်းများ က ဒုက္ခသည် များအား ငြိမ်းချမ်းရေး အခြေအနေပေါ် မူတည်ပြီး ပြန်လည်နေရာ ချထားရေးကို လိုလားနေကြပါသည်။

No comments: