ABC
ကမ္ဘာပေါ်က ဘာသာရေး လွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံ ၈ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံလည်း တနိုင်ငံ အပါအ၀င်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်အဖွဲ့ USCIRF က ထုတ်ပြန် လိုက်ပါတယ်။
ဧပြီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အတွင်းက ဖြစ်ပွားခဲ့တဲ့ သာသာရေးနဲ့ လူမျိုးရေး ပြဿနာတွေနဲ့ မွတ်စလင် လူမျိုးတွေအပေါ် အကြမ်းဖက် ဖိနှိပ် တိုက်ခိုက် ခံခဲ့ရတာတွေကို အဓိက ဖော်ပြထားပါတယ်။
ခရစ္စယာန် ဘာသာရေး ကိုးကွယ်ကြတဲ့ တိုင်းရင်းသား ဒေသတွေမှာလည်း ဖိနှိပ် ညှင်းပမ်းမှုတွေ ရှိတယ်လို့လည်း အဆိုပါ အစီရင်ခံစာက ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေး အထူး ကိုယ်စားလှယ်ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာ အပေါ် အခြေခံပြီးတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ထိုးစစ်စင်မှုတွေ အတွင်းမှာ ခရစ္စယာန် သာနာပြု အဖွဲ့ဝင်တွေကို အတင်းအဓမ္မ ပေါ်တာခိုင်း စေတာတွေနဲ့ ဘာသာရေး အဆောက်အဦး ဆောက်လုပ်ခွင့် ကန့်သတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဘာသာရေး လွတ်လပ်ခွင့်အပေါ် ဖိနှိပ်တဲ့ ကျန်အဆိုးဆုံး ၇နှစ် နိုင်ငံတွေကတော့ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဘီးဟား၊ ဆူဒန်၊ အူဘက်ကိစ္စတန်နဲ့ အီရီထရီးယား နိုင်ငံတို့ဖြစ် တယ်လို့ ဆိုပါတယ်။
အဲ့ဒါအပြင် ပါကစ္စတန်၊ အီဂျစ်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ တာဂျီကိစ္စတန်၊ ထပ်ခ်မီနစ္စတန်နဲ့ ဗီယက်နမ် နိုင်ငံတွေ ကိုလည်း ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စောင့်ကြည့်ရမယ့် စာရင်းထဲမှာ ထည့်သွင်းဖို့ကိုလည်း အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်အဖွဲ့ USCIRF က အဆိုပြုထားပါတယ်။

No comments:
Post a Comment