Khonumthung
အိန္ဒိယ နှင့် မြန်မာနှစ်နိုင်ငံမှ အကောင်အထည်ဖော်နေသည့် ချင်းပြည်နယ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကုန် ကျမည့် ကုလားတန် ဖက်စုံဖွံ့ဖြိုးရေး စီမံကိန်း ကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ဒေသခံများ လုပ်ကိုင်ခွင့်ဆုံး ရှူံးသွား သည့် ကမ်းမြေ ဧက (၁၆) အတွက် ယနေ့ထိ လျှော်ကြေး မရသေးကြောင်း သိရသည်။
” ၁၆ ဧကစာရှိတဲ့ ကျတော်တို့လောင်းကဒူး ရွာရှိ ကိုင်းမြေအခင်းအတွက် ၁ ဧကမှာ ကျပ်၅သိန်း စီ ပေးမည်လို့ တရား ဝင်စာ ထုတ်ပြန်ထားပေမဲ့ ယနေ့  ထိ ဘာ လျှော်ကြေးမှ မရသေးတာပါ၊ ယာမလုပ်တော့လည်း နစ်နာရတာပေါ့ ” ဟု ပလက်ဝ မြို့ နယ် လောင်း ကဒူး ကျေးရွာ တစ်ဦးထံမှသိရသည်။
ကုလားတန်စီမံကိန်းကို အိန္ဒိယ-မြန်မာအစိုးရတို့မှ ၂၀၀၈ ခုနှစ် ဧပြီလတွင် သဘောတူ စာချုပ်ဆိုခဲ့ကြပြီး စီမံကိန်းအရ စစ်တွေမှ ချင်းပြည်နယ်ပလက်ဝ သို့ ပင်လယ်ကူး သင်္ဘောများသွားနိုင်ရန် ကုလားတန်မြစ်ကိုချဲ့ထွင်ပြီး ၄င်းမှ တဆင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည် နယ် မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်သွားကြမှာဖြစ်သည်။
ရခိုင်ပြည်နယ် စစ်တွေမှ ချင်းပြည်နယ်ပလက်ဝအထိ ကီလိုမီတာ(၁၆၀)ရှည်လျားသည့် ကုန်တင် သဘောင်္များသွား လာနိုင်ရန် မြစ်ကမ်းသောင်များကို ဒေသခံလူထု ထံ တွေ့ ဆုံဆွေးနွေးမှု၊ ရှင်းလင်းမှုများ မရှိခဲ့ကြောင်း သိရသည်။
“စီမံကိန်းနှင့်ပါတ်သက်ပြီး ဒေသခံလူထုနဲ့ တွေ့ ဆုံဆွေးနွေးမှုများ မရှိခဲ့ဘူး၊ အခုလည်း ပလက်ဝမြို့ကနေ မြန်မာ-အိန္ဒိယနယ်စပ်ရွာဖြစ်တဲ့ မြိတ်ဝ – လောင်မဆူရွာအထိ ကီလိုမီတာ(၃၀)ခန့်အရှည် နှစ် လမ်းသွား အဝေးပြေး လမ်းမ ကို ဖောက်လုပ်ဖို့ဖြစ်တယ်၊ အဲဒီမှာလည်း ဥယျဉ်ခြံအတွက် မြေဂရမ် ရှိမှ လျှော်ကြေးပေးမည်လို့ ကြားရတယ် ” ဟု ပလက် ၀မြို့မှ ကိုကျော်အောင်ကလည်း ပြောသည်။
ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနဲ့ပတ်သက်ပြီး ချင်းအမျိုးသားပါတီ CNP မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်း က ကွင်းဆင်းလေ့လာမှုပြုလုပ်ရာတွင် ယခုစီမံကိန်း လုပ်ဆောင် မှုသည် ပွင့်လင်းမြင် သာမှုမရှိကြောင်း၊ စီမံကိန်းကြောင့် စစ်တွေတ ၀ိုက် မြေနိမ့် ပိုင်းဒေသတွင် မြစ်ရေကို သောင်တူးခြင်းအားဖြင့် ပင်လယ် ဆားငံရေ ၀င်လာနိုင် သည့် အခြေအနေ တွင်ရှိနေကြောင်း၊ ကုလားတန်မြစ်ကို မှီခိုအားထားပြီး အသက်မွေး ၀မ်းကျောင်း နေကြသော ရွာသားများအတွက်လည်း ထိခိုက်မှုများရှိနိုင်ကြောင်း တွေ့ရှိခဲ့သည်။
တဆက်တည်း ချင်းတိုးတက်ရေးပါတီမှ တာဝန်ရှိများသည် ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း အကောင်အ ထည်ဖော် မှုကို ၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့ မှ ၁၀ ရက်နေ့အထိ ကွင်းဆင်းလေ့လာခဲ့ရာမှာ ယင်းစီမံကိန်းကြောင့် ဒေသခံချင်းပြည် သူများအတွက် ကြီးမားသော နစ်နာဆုံးရှုံး မှုများမရှိသည့်အပြင် ချင်းပြည်နယ်အတွက် အဓိက အားထားရမည့် စီမံကိန်းတ ခုဖြစ်ကြောင်း သိရှိရသည် ဟု ဆိုသည်။

No comments:
Post a Comment