Sunday, June 22, 2014

သာသနာရေးဝန်ကြီး အစားထိုးခန့်ရန် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ အကြောင်းကြား

Mizzima

လစ်လပ်လျက်ရှိသော သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနေရာတွ င် အစားထိုးခန့်အပ်ရန် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာကို ဇွန်လ ၂ဝ ရက်က ပြည်သူ့လွှတ်တော် အမတ်များအား ဖြန်ဝေထားသည်။

လစ်လပ်သွားသည့် သာသနာရေးဝန်ကြီးနေရာတွင် ယင်းဝန်ကြီးဌာနမှ ဒုဝန်ကြီးဖြစ်သည့် ဦးစိုးဝင်းအား တာဝန် ပေးလိုသည်ဟု ဇွန်လ ၁၉ ရက် ရက်စွဲဖြင့် ရေးသားထားသော သမ္မတ၏ အကြောင်းကြားစာတွင် ဖေါ်ပြထားသ ည်။

အဆိုပါ အကြောင်းကိစ္စအပေါ် ရှေ့တစ်ပတ်တွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန် ရှိနေသည်။

သာသနာရေးဝန်ကြီးဖြစ်သည့် ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်သည်ဟု သမ္မတ ရုံးဝက်ဆိုက်ဒ်တွင် ဇွန်လ ၂ဝရက်က ထုတ်ပြန်ခဲ့သည်။

သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ ၁ နာရီခန့်တွင် အမှုဖွင့်ပြီးနောက် သမ္မတဦးသိန်းစိန်က တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်း၊ စခန်းမှုး ဒုရဲမှူး ကြာညိုက 'ဒီပုဒ်မက အာမခံပေးလို့ မရပါဘူး' ဟု ပြောသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား ငွေသိန်း ၁ဝဝခန့် အလွဲသုံးမှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ၂ဝ၁၃ခုနှစ် ဒီဇင်ဘာလက နေပြည်တော်၊ လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင် ကျေးရွာရှိ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူ စေတီတော်ကို မိသားစု အလှူတစ်ရပ်အဖြစ် ထီးတော်တင်ရာ၌ ဌာနပိုင် ဘဏ္ဍာငွေ သိန်း၁ဝဝကျော်ကို ထုတ်ယူသုံးစွဲခဲ့ပြီး ယင်းငွေများအနက် ၂၈သိန်းကျော်ကို ပြန်လည်အပ်နှံခဲ့ရာ ၇၂သိန်းကျော်ကို အလွဲသုံးမှုဖြင့် ဦးဆန်းဆင့်အား အရေးယူထားခြင်းဖြစ်ကြောင်း Eleven Media က ရေးသားထားသည်။

No comments:

Post a Comment