မျိုးသန့်
မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားမှုများနှင့်ပက်သက်၍ လုံခြုံမှုရှိစေရန်အတွက် ည ၉နာရီမှ နံနက် ၅နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီဟု မန္တလေးခရိုင် အထွေအထွေအုပ်ချုပ်ရေးဦစီးဌာနက သိရသည်။
“ လုံခြုံရေးအရ ည ၉နာရီကနေ ၅နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာပါ၊ အချိန်ကန့်သတ် ချက်မရှိပါဘူး” ဟု ပြောသည်။
မန္တလေးမြို့တွင် ဇူလိုင် ၁ရက်မှ စတင်ကာ ၃ရက်အထိ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လုံခြုံရေးအရ ထိန်းသိမ်းမှုများ ပိုမိုလုပ် ဆောင်စေရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တပ်မှ ထိန်းသိမ်းမှုများလုပ်ဆောင်မည့် ကိစ္စကိုမူ မန္တလေးတိုင်း လုံခြုံရေးဝနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက မည့်သည် အဖြေမှ ပြန်ကြားခဲ့ခြင်းမရှိခဲ့ပေ။
ညမထွက်ရအမိန့်ကို မန္တလေးမြို့အတွင်း ပုသိမ်ကြီးမြို့နယ်မှ အပ ကျန်မြို့နယ် ခြောက်ခုတွင် အကျုံးဝင်မည်ဖြစ်သည်။
No comments:
Post a Comment