ဖြိုးဝေလင်း
အင်းစိန်မြို့နယ်၊ ဒညင်းကုန်းဈေးဝင်း အတွင်း၌ ဇူလိုင်လ ၈ ရက်၊ ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဓားထိုးမှုတွင် ဆိုင်ခန်းရှေ့ ထိလာ၍ စိန်ခေါ်ကာ ဓားဖြင့်ထိုး၍ထွက် ပြေးသွားသူကို နှစ်ရက်အကြာတွင် ဒညင်းကုန်းလမ်းဆုံအနီးတွင် ဖမ်းမိခဲ့သည်ဟု အင်းစိန်မြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားခဲ့သည့်နေ့က ဆိုင်ခန်း ရှေ့သို့ လာရောက်စိန်ခေါ်သူမှာ နှစ်ဦး ဖြစ်ပြီး သံပိုက်လုံး ကိုင်ဆောင် လာသည့် ရာဇာကြီးကို ဇူလိုင် ၉ ရက်၊ နေ့လယ်ပိုင်းက လှိုင်မြို့နယ်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဓားရှည်ဖြင့် ထိုးခဲ့သည့် အောင်ကြီး(ခ)အောင်သွင်ကို ဇူလိုင် ၁၀ ရက်၊ နေ့လယ် ပိုင်းတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဖြစ်ပွားခဲ့သည့် ဓားထိုးမှုမှာ ဒညင်းကုန်း ဘူတာဈေးအနီး ကုန်စိမ်းချရာမှ စတင် စကားများခဲ့ခြင်းဖြစ်ပြီး ည ၈ နာရီခွဲ ၀န်း ကျင်တွင် သေဆုံးသူသက်နိုင်ဦး၏ဆိုင်ခန်း ရှေ့သို့ လာရောက်၍ စိန်ခေါ်ကာ အောင်ကြီး(ခ) အောင်သွင်က ဓားရှည်ဖြင့် ထိုး၍ နှစ်ဦးစလုံး ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အင်းစိန်မြို့မရဲစခန်းက (ပ)၆၇၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၄၄ ဖြင့်အမှုဖွင့်ပြီး နှစ်ရက်အကြာတွင် ထွက်ပြေးသွားသည့် ပြစ်မှု ကျူးလွန်သူများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment