စည်သူမောင်မောင်
သာသနာရေး ဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို နေပြည်တော် ပုပ္ဗသီရိမြို့နယ် တရားရုံးတွင် ဇူလိုင် ၃ရက် နံနက်က ရုံးထုတ်သော်လည်း မိသားစုဝင်များ လာတာ မတွေ့ရဟု ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိ ဦးအောင်သူမင်း၏ ဇနီး မပွင့်က မဇ္ဈိမကို ပြောသည်။
"ဒီနေ့ ရုံးထုတ်မှာ အဘအိမ်က မိသားစုဝင်တွေ တစ်ယောက်မှလာတာ မတွေ့ဘူး၊ အန်တီတို့ကို ရန်ကုန်ပြန်ခိုင်းလိုက်တာပဲ သိတယ်၊ သူတို့ ဖုန်းတွေ ဆက်သွယ်လို့လည်းမရဘူး"ဟု မပွင့်က ပြောသည်။
ပုပ္ဗသီရိမြို့နယ် တရားရုံးရှေ့တွင် ဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်နှင့်အတူ ရုံးထုတ်လာသည့် သူမ၏ အမျိုးသားကို တွေ့ခွင့်ရရန် စောင့်ဆိုင်းခဲ့သော်လည်း အေးအေးဆေးဆေး စကားပြောခွင့် မရလိုက်၍ လက်ရှိတွင် ဝန်ကြီးဦးဆန်းဆင့်နှင့် ဦးအောင်သူမင်းတို့ကို ဘယ်နေရာတွင် ထားသည်ကို မသိရှိရဟု ၎င်းက ပြောသည်။
"တွေ့ လိုက်ရပါတယ်၊ သူလည်း စိတ်မကောင်းဖြစ်နေတယ်၊ ဘယ်မှာထားမှန်းမသိဘူး၊ စကားတော့ အေးအေးဆေးဆေး ပြောခွင့်မရလိုက်ဘူး၊ အမှုစွဲထားလား မစွဲထားလားလည်း မသိရဘူး၊ ဒီနေ့ ရုံးထုတ်တာ တရားသူကြီးရှေ့ပြပြီး ချက်ခြင်းပြန်ခေါ်သွားတယ်၊ အဓိက တွေ့ခွင်တော့ရချင်တာပဲ။ ပေးလည်းပေးစေချင်တယ်။ ဘယ်မှာထားတယ်ဆိုတာ ပြောခွင့်မရလိုက်ဘူး၊ နေရထိုင်ရတာတော့ အဆင်ပြေတယ် ပြောသွားတယ်"ဟု ဦးအောင်သူမင်း ဇနီး မပွင့်က မဇ္ဈိမကို ပြောသည်။
ဇွန်လ ၁၉ရက်နေ့ တွင် ပုဒ်မ ၄ဝ၉/၁ဝ၉ ဖြင့် ဦးဆန်းဆင့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဦးအောင်သူမင်းမှာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတာဝန်မှာ သာသနာရေးဝန်ကြီးအဖြစ်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စဉ် လိုက်ပါသွားခဲ့သည်။
No comments:
Post a Comment