Friday, July 4, 2014

ရခိုင်တွင် ပုဒ်မ ၁၄၄ ရုတ်သိမ်းနိုင်ရေးအတွက် ဝန်ကြီးချုပ်က ဒေသခံများနှင့် ညှိနှိုင်းမည်

ကေဇူး

ရခိုင်ပြည်နယ် မြို့နယ် အများစုတွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပြီး ပြန်လည်ရုပ်သိမ်းနိုင်ရန် ဒေသခံပြည်သူများနှင့် ညှိနှိုင်းသွားမည် ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ သံတွဲ နှင့် မြို့နယ် အများစုတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားဆဲဖြစ်ပြီး ပြန်လည်ရုပ်သိမ်းရန် စီးစဉ်ခြင်းဖြစ်သည်။

“မလိုအပ်ဘဲ ညမထွက်ရအမိန့်ရှိနေရင် ပြည်သူအတွက် နှောင့်နှေးပါတယ်။ ဒါကြောင့် ပြည်သူနဲ့တွေ့မယ်။ ဒေသမှာ လုံခြုံရေးအဆင်ပြေပြီလို့ ယူဆရင်၊ ပြည်သူကလည်း တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းပါဝင်မယ်ဆိုရင် ဖြုတ်မှာပါ။ ဒီလအတွင်းပဲ လုပ်မှာပါ ”ဟု ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကပြောသည်။

စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ ရုံးခန်းများကို လူအုပ်စုဖွဲ့ တိုက်ခိုက်မှုများကြောင့် ပုဒ်မ ၁၄၄ ကို အရေးပေါ် တိုးမြှင့်ထုတ်ပြန်ခဲ့ပြီး တစ်လအတွင်း ညမထွက်ရ အမိန့် အတိုးအလျော့ သုံးကြိမ်ဖြစ်ခဲ့သည်။

နောက်ဆုံး ညမထွက်ရအမိန့် တိုးမြှင့်ခဲ့သည့် မြို့မှာ ဇွန် ၂ဝ ရက်က သံတွဲမြို့တွင် ၂ လတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment