မြင့်မြင့်စိုး
သဘင်အနုပညာလောကအတွင်းရှိ အခြေခံလူတန်းစားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖောင်ဒေးရှင်းထူထောင်နိုင်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)ဥက္ကဌပန်တျာဦးမြကြည်ကမဇ္ဈိမသို့ ပြောသည်။
နိုင်ငံတော်အစိုးရမှ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို) သို့ အလှူငွေကျပ် သိန်း ၁ဝဝဝ ထောက်ပံ့ပေးအပ်ရန် လျာထားသည့်ငွေကို အနုပညာလောကအတွင်းရှိ အခြေခံလူတန်းစားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖောင်ဒေးရှင်း ထူထောင်ရာတွင် အသုံးပြုသွားမည်ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
"သမ္မတကြီးညွှန်ကြားသွားတဲ့အတိုင်းကျွန်တော်တို့ကဖောင်ဒေးရှင်း တည်ထောင်ဖို့အတွက်ဘဏ္ဍာရေးအဖွဲ့ ဖွဲ့တာတို့မှတ်ပုံတင်တာတို့ ကော်မတီ အဖွဲ့တွေဖွဲ့ပြီင်္းပြန်ကြားရေး ဝန်ကြီးဌာနကိုပြန်တင်ပေးရမယ်။"ဟု သဘင်အစည်းအရုံး(ဗဟို) မှ ဥက္ကဌ ပန်တျာ ဦးမြကြည်က ပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဇူလိုင်၁၂ရက်ကမြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင်ရုပ်ရှင် ဂီတ သဘင်ပညာရှင်များနှင့် တွေ့ဆုံသည့်ပွဲ၌ အစည်းအရုံးတစ်ခုစီကို ဖောင်ဒေးရှင်းတစ်ခုစီ တည်ထောင်နိုင်ရန်အတွက် အလှူငွေ ကျပ်သိန်းတစ်ထောင်စီ ပေးအပ်မည်ဟုပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့် ပက်သက်ပြီးဇူလိုင်၁၆ရက်ကယဉ်ကျေးမှုဝန်ကြီးဌာနနှင့်ပြန်ကြားရေးဝန်ကြီးဌာနတို့သည်မြန်မာနိုင်ငံသဘင် အစည်းအရုံးကိုခေါ်တွေ့ပြီး ကျပ်သိန်း ၁ဝဝဝပေးအပ်သွားမည်ဟုထပ်မံပြောကြားခဲ့သည်။
ယင်းငွေကျပ်သိန်းသုံးထောင်ပေးအပ်ခြင်းသည်နိုင်ငံတော်အစိုးရ၏ဘဏ္ဍာရေးဘတ်ဂျက်ထဲကပေးခြင်းဖြစ်သည်ဟု သဘင်အစည်းအရုံး(ဗဟို)မှ ဥက္ကဌဦးပန်တျာဦးမြကြည်ကပြောသည်။
သဘင်အစည်းအရုံးမှ အနုပညာလောကအတွင်းရှိ အခြေခံလူတန်းစားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖောင်ဒေးရှင်းထူထောင်ရာတွင် သဘင်လောကအတွင်းရှိ သဘင်အစည်းအရုံးဝင် မိသားစုများ၏ ပညာရေးနှင့်သာရေးနာရေး ကိစ္စရပ်များတွင်လည်း ထည့်သွင်းဆောင်ရွက်သွားနိုင်ရန် စီစဉ်ထားသည်ဟု ပန်တျာဦးမြကြည်ကပြောသည်။
သဘင်ပညာရေးဖောင်ဒေးရှင်းကို ၂ဝ၁၄ ခုနှစ်မေလ ၁ ရက်ကမြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)တွင် စတင်ဖွဲ့စည်းခဲ့ပြီး သဘင်ပညာရှင်များ၏ လှူဒါန်းငွေအဖြစ် ကျပ်သိန်း ၆ဝ ကျော်ရရှိပြီးဖြစ်ကာ ယင်းလှူရှင်များ၏ အလှူငွေများဖြင့် ပညာရေး ရန်ပုံငွေပဒေသာပင် စိုက်ထူပြီး အရင်းမပျောက်စေဘဲ အတိုးရငွေဖြင့်သာ ပညာရေးအတွက် အခက်အခဲရှိသူများကို ချီးမြင့်ထောပ်ပံ့သွားမည်ဖြစ်သည်။
လက်ရှိတွင်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်ဆက်တက်ရန်အခက်အခဲရှိနေသည့် သဘင်အစည်းအရုံးဝင်များ၏ သားသမီးများကို ပညာဆက်လက်သင်ကြားနိုင်ရန် စတင်စီစဉ်ပေးသွားမည် ဖြစ်သည်။
No comments:
Post a Comment