Mizzima
ဖေ့ဘုတ်စ်လူမှုကွန်ရက် ကို အသုံးပြုမရဖြစ်နေကြောင်း၊ သုံးစွဲသူအများအပြားက မဇ္ဈိမအား ပြောဆိုသည်။ ရန်ကုန်၊မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် နေထိုင်သူများက ဖေ့ဘုတ်စ် အား ဇူလိုင် ၃ ရက်ည ၁ဝ နာရီကျော်မှ စပြီး သုံးစွဲမရဟု ဆိုသည်။
ရန်ကုန်မျြို့အခြေစိုက် အင်တာနက် နည်းပညာကျွမ်းကျင်သူတစ်ဦး၏ အဆိုအရ၊ယခုကဲ့သို့ ဖေ့ဘုတ်စ် အသုံးပြုမရခြင်းမှာ Block (ပိတ်ထား) လုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
နာရီအတန်ကြာ အသုံးပြုမရပြီးနောက်၊ ဇူလိုင် ၄ ရက် မနက်ပိုင်းတွင် ပုံမှန် ပြန်လည် အသုံးပြုနိုင်သည်။
No comments:
Post a Comment