Friday, July 4, 2014

သြစီနိုင်ငံခြားရေးဝန်ကြီးက သမ္မတဦးသိန်းစိန်နဲ့ လူ့အခွင့်ရေးကိစ္စ ဆွေးနွေး

ABC

သြစတြေးလျနိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်ရဲ့ ​သုံးရက်ကြာ ​မြန်မာနိုင်ငံခရီးစဉ်အတွင်း ​သမ္မတဦးသိန်းစိန်နဲ့ ​အတိုက်အခံခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ကို ​သီးသန့်စီ ​တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ​၄၅ ​မိနစ် ​ကြာ ​တွေ့ဆုံ ​ခဲ့ပြီး ​၂၀၀၈ ​ခု ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေပြောင်းလဲရေးနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျ ​နိုင်ငံ ​သာမက ​အားလုံးရဲ့ ​ထောက်ခံ ​မှုကို ​လိုလား ​ကြောင်း ​ဒေါ်အောင်ဆန်း ​စုကြည်က ​ပြောခဲ့ပါတယ်။

သမ္မတ ​ဦးသိန်းစိန်နဲ့ ​တွေ့ဆုံပွဲမှာတော့ ​ဂျူလီဘိရှော့ပ်က ​ရိုဟင်ဂျာ ​မွတ်စလင်တွေရဲ့ ​အခွင့်အရေးနဲ့ ​ပတ်သက်ပြီး ​စိုးရိမ် ​မကင်း ​ဖြစ်မိတဲ့ ​အကြောင်း ​ပြောဆိုခဲ့ ​သလို ​မြန်မာနိုင်ငံနဲ့ ​ကုန်သွယ်ရေးနဲ့ ​ရင်းနှီး ​မြုပ်နှံရေးတွေ ​တိုးမြှင့် ​ဖို့လည်း ​ဆွေးနွေးခဲ့ပါတယ်။

အဲ့ဒါအပြင် ​သြစတြေးလျ ​နိုင်ငံက ​တက္ကသိုလ် ​ကျောင်းသားတွေကို ​မြန်မာနိုင်ငံထဲ ​လေ့လာ ​သင်ယူခွင့်ပေးဖို့ ​သမ္မတ ​ဦးသိန်းစိန်က ​သဘောတူညီခဲ့တယ်လို့ ​သိရပါတယ်။ ​သြစတြေးလျရဲ့ ​ကိုလံဘို ​အစီအစဉ် ​အရ ​လာမယ့် ​နှစ်ကစပြီး ​သြစတြေးလျ ​ကျောင်းသားတွေ ​မြန်မာနိုင်ငံမှာ ​လေ့လာသင်ယူမှု ​လုပ်နိုင်တော့မှာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်ဟာ ​မြန်မာနိုင်ငံ ​ခရီးစဉ်အပြီး ​လာအိုနိုင်ငံကို ​သွားရောက်ပြီ ​ဖြစ်ကြောင်း ​အေဘီစီ ​သတင်းထောက် ​Samantha ​Hawley ​က ​နေပြည်တော်ကနေ ​သတင်းပေးပို့ခဲ့ပါတယ်။

No comments:

Post a Comment