မျိုးသန့်
မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် အစီအစဉ် မရှိသေးသော်လည်း ည ၁၁နာရီနောက်ပိုင်း စားသောက်ဆိုင်များ မဖွင့်ရသည့် စီမံချက်တစ်ခု လုပ်ဆောင်ရန် စီစဉ်နေသည်ဟု မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ဇူလိုင်လ ၃ရက်က နံနက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
မန္တလေးတွင် ဇူလိုင်လ ၂ရက် ညနှင့် ဇူလိုင် ၃ရက် နံနက် အစောပိုင်းက ထပ်မံ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ဗုဒ္ဓဘာသာတစ်ဦး၊ မွတ်စလင်တစ်ဦး သေဆုံးခဲ့ရပြီး ၁၄ဦး ဒဏ်ရာ ရရှိခဲ့သည်။
No comments:
Post a Comment