ဖိုးစိုးသူ
ထိုင်းအစိုးရမှ မီးဖိုချောင်သုံးဂက်စ် တင်သွင်းမှုပိတ်ပင်ခြင်းကြောင့် မြန်မာနိုင်ငံ ဂက်စ်ဈေးကွက်အတွင်း ဈေးအဆမတန် မြင့်မားခဲ့ပြီးနောက် တရုတ်နိုင်ငံမှ မီးဖိုချောင်သုံးဂက်စ် တင်သွင်းခွင့်ရ၍ ဂက်စ်ဈေးထက်ဝက်ခန့် ပြန်ကျလာသည်ဟု ဂက်စ် အရောင်းဆိုင်ပိုင်ရှင်များနှင့် သုံးစွဲသူများထံမှ စုံစမ်းသိရှိရသည်။
စွမ်း အင်ဝန်ကြီးဌာနတွင် လိုင်စင်ပြုလုပ်ထားသူများအနေဖြင့် တရုတ်နိုင်ငံမှ မီးဖိုချောင်သုံးဂက်စ်ကို တင်သွင်းခွင့်ရရှိခဲ့ပြီး ဈေးကွက်အတွင်း ၀င်ရောက်လာပြီဖြစ်၍ ပစ္စည်းပြတ်လပ်မှုများ၊ ဈေးကြီးမြင့်မှုများ လျော့ကျလာတော့မည်ဟု လူလေးဂက်စ်အရောင်းဆိုင်ပိုင်ရှင် ဦးလူလေးက ပြောသည်။
“တရုတ်နိုင်ငံက ဂက်စ်တွေဝင်လာတာ တစ်ပတ်လောက်ရှိပြီ။ သင်္ဘောတွေနဲ့လည်း ၀င်လာတယ်။ ထိုင်း နိုင်ငံကတော့ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းလောက်အ၀င်မခံတော့ဘူး။ မြန်မာနိုင်ငံမှာက ဂက်စ်သုံးစွဲတဲ့ အရေ အတွက်အရမ်းနည်းနေသေးတယ်။၂၀ရာခိုင်နှုန်းတောင်မရှိသေးဘူး။ ဒီလို ဂက်စ်ဈေးတွေတက်သွားတာ တော့ မကောင်းဘူးပေါ့။ နောက်တစ်ပတ်လောက်ဆိုရင်တော့ ဈေးတော်တော်လျော့သွားမှာပါ ” ဟု ဆို သည်။
ထိုင်းနိုင်ငံက ဂက်စ်တင်သွင်းမှုပိတ်ပင်လိုက်ပြီးနောက် ဈေးကွက်အတွင်း ဂက်စ်တစ်ပိဿာလျှင် ကျပ် ၈,၅၀၀ မှ ကျပ် ၁၀,၀၀၀ အထိ ပေးဝယ်ရမှုများဖြစ်ပေါ်ခဲ့ပြီး ယခုဂက်စ်တစ်ပိဿာလျှင်ကျပ် ၆,၀၀၀ သာပေးဝယ်ရ တော့သည်ဟု ဂက်စ်သုံးစွဲသူများက ဆိုသည်။
“ မြန်မာနိုင်ငံမှာ ဂက်စ်သုံးတာက စားသောက်ဆိုင်တချို့၊ ဟိုတယ်တွေနဲ့ အိမ်တချို့လောက်ပဲသုံးကြတယ်။ ဂက်စ်ဈေးတက်တော့ စားသောက်ကုန်တွေကိုပါ ဈေးလိုက်တက်ရတယ်။ ဂက်စ်သုံးစွဲရင် မီးဖိုချောင် သန့် ရှင်းတယ်။ မြန်ဆန်တယ်။ ဒါပေမဲ့ အခုလိုဈေးတက်တာတွေအတွက် အစိုးရကလည်း ဖြေရှင်းဆောင်ရွက် ပေးသင့်တယ် ”ဟု တာမွေမြို့နယ်မှ ကြေးအိုး အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
မီးဖိုချောင်သုံးဂက်စ်ဈေးသည် ဇွန်လဆန်းပိုင်းတွင် တစ်ပိဿာ ကျပ် ၃,၀၀၀ ခန့်ရှိရာမှ ဇွန်လလယ်ခန့်၌ ဂက်စ် အဓိက တင်သွင်းနေရသော ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံဘက်သို့ ဂက်စ်ရောင်းချမှု ပိတ်ပင်ခဲ့သည်။ ထို သို့ ပိတ်ပင်မှုကြောင့် ဂက်စ်ဈေးများသုံးဆခန့်မြင့်တက်ခဲ့ပြီး ၀ယ်ယူရန် ခက်ခဲမှုများလည်းရှိခဲ့သည်ဟု မီးဖို ချောင်သုံး ဂက်စ်အသုံးပြုသူများက ဆိုသည်။
No comments:
Post a Comment