Monday, September 22, 2014

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား တအာင်းတွင်လည်း ပြုလုပ်

ဖနိဒါ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဦးစီးကျင်းပမည် ဖြစ်သည်။

နံနက် ၉ နာရီမှ ၁၂ နာရီထိ ကျင်းပသော အခမ်းအနားကို နမ့်ခမ်းမြို့ မြပတ္တမြားခန်းမတွင် အစိုးရ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ဒုက္ခသည်အချို့ဆွေးနွေးတင်ပြချက်များ ပါဝင်ကြမည် ဖြစ်သည်။

“မနက်ပိုင်း အခမ်းအနားရှိတယ်။ နေ့လည်ပိုင်းမှာ ဒုက္ခသည်တွေ စိတ်ပျော်ရွှင်အောင် ဖျော်ဖြေပွဲရှိတယ်။ ဌာနဆိုင်ရာက လူတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ ပြောမယ်။ ဒုက္ခသည်လည်း စကားပြောမယ်” ဟု တအာင်း အမျိုးသမီးအဖွဲ့အစည်းမှ အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် လိုည်းပိုးပန်က ပြောသည်။

ထို့ပြင် ဒုက္ခသည်အချို့ကလည်း ၎င်းတို့၏ အတွေ့အကြုံ၊ အခက်အခဲ၊ ခံစားချက်များကို ပြောပြကြသည့် အစီအစဉ်လည်း ပါဝင်မည် ဖြစ်ဟု သူက မဇ္ဈိမကို ပြောသည်။

မွန်းလွဲပိုင်း ၄ နာရီချိန်ထိ ဒုက္ခသည်များအား ပျော်ရွှင်စေရန်အတွက် သီးချင်းများ သီဆိုဖျော်ဖြေပွဲ ကျင်းပပေးမည်ဟု သိရသည်။

No comments:

Post a Comment