Monday, September 22, 2014

မိချောင်းကန် သပိတ်စခန်းမှ သုံးပုံနှစ်ပုံ အိမ်ပြန်မည်

ယုဝေ

မဟာဗန္ဓုလပန်းခြံဘေးတွင် ဖွင့်ထားသည့် မိချောင်းကန်သပိတ်စခန်းမှ သုံးပုံနှစ်ပုံခန့် အယောက် ၁၀၀ကျော်မှာ စက်တင်ဘာ ၂၀ရက်တွင် အိမ်ပြန်တော့မည်ဟု ဆိုသည်။

ပြန်မည့်သူများမှာ ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ဦးခိုင်မောင်ရည်၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိ စေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ယုံကြည်သဖြင့် ပြန်မည်ဖြစ်သော်လည်း အယောက် ၅၀ကျော်မှာ မပြန်သေးဟုဆိုသည်။

ယင်းအပြင် သပိတ်စခန်း ပိတ်သိမ်းလိုသည့် အဖွဲ့နှင့် ဆက်လက်နေလိုသည့်အဖွဲ့တို့ကြား သဘောထားကွဲလွဲမှုများလည်း ရှိနေသည်ဟု သပိတ်စခန်းမှ ဆန္ဒပြသူများက ပြောသည်။

စက်တင်ဘာ ၂၀ ရက် ညနေတွင် မိချောင်းကန် သပိတ်စခန်းသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လာမည်ဖြစ်သည်။ ၎င်းက စက်တင်ဘာ ၈ ရက်ကလည်း မိချောင်းကန် သပိတ်စခန်း ပိတ်သိမ်းပေးရန် လာရောက်မေတ္တာရပ်ခံခဲ့သေးသည်။

No comments: