Sunday, September 14, 2014

အိမ်ခြံမြေ၀ယ်ယူမှုတွင် ၀င်ငွေရလမ်းကြောင်း ထုတ်ဖော်ရန် ပျက်ကွက်လျှင် ဒဏ်ငွေအပြင် တရားစွဲခြင်းလည်း ခံရမည်

သီဟကိုကို

မြေ၊ အိမ်၊ အဆောက်အအုံ ၀ယ်ယူမှု ၀င်ငွေရလမ်းထုတ်ဖော်ရန် ပျက်ကွက်ပါက ဒဏ်ငွေအပြင် တရားစွဲ ဆိုခြင်းလည်း ခံရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနကစက်တင်ဘာ ၁၂ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

မြေ၊ အိမ်၊ အဆောက်အအုံများ စသည့် အခြေပစ္စည်း ၀ယ်ယူရာတွင် ကုန်ကျသော ငွေကြေးအတွက် သက်ဆိုင်ရာ မြို့နယ်အခွန် ဦးစီးမှူးရုံးများ၌ ၀င်ငွေရလမ်းစိစစ်မှုခံယူရန် လိုအပ်ပြီး ၀င်ငွေရလမ်း အထောက်အထား ခိုင်လုံစွာတင်ပြနိုင်ပါက အခွန်ကျသင့်မည်မဟုတ်သော်လည်း ၀င်ငွေရလမ်း မတင်ပြနိုင်ပါက တည်ဆဲဝင်ငွေခွန်နှုန်းများဖြင့် ကျသင့်အခွန် ထမ်းဆောင်ရမည်။

အခြေပစ္စည်းများကို ရယူရာ၌ ကုန်ကျသောငွေကြေးအတွက် ၀င်ငွေရလမ်း စိစစ်မှုခံယူရန် ပျက်ကွက်ကြောင်း (သို့မဟုတ်) မိမိ၏၀င်ငွေကို ထိမ်ချန်ကြောင်း စိစစ်တွေ့ရှိပါက ကျသင့်အခွန်အပြင် ဒဏ်ငွေကိုပါ ပေးဆောင်ရမည်ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “မြေ၊ အိမ်၊ အဆောက်အအုံတွေ ၀ယ်ရာမှာ ၀င်ငွေရ လမ်းကြောင်း အထောက်အထားတွေကို အခွန်ထမ်းဘက်ကလည်း လိုအပ်တဲ့အချိန်ယူမယ်။ အခွန်ဌာန ဘက်ကလည်း ခွင့်ပြုကာလတစ်ခု သတ်မှတ်ပေးလိုက်တယ်။ ပေးလိုက်တဲ့ ခွင့်ပြုကာလအတွင်းမှာ ထုတ်ဖော်ဖို့ ပျက်ကွက်တယ်ဆိုရင် ကျသင့်အခွန်အပြင် ၅၀ ရာခိုင်နှုန်းကို ဒဏ်ငွေပေးဆောင်ရမယ်”ဟု ပြော သည်။

ဝင်ငွေရလမ်း ထုတ်ဖော်ရန် ခွင့်ပြုကာလ အတွင်း အခွန်ရုံးနှင့် ဆက်သွယ်ခြင်းမရှိသူများ၏ အမှုဖြစ်စဉ်ကို ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ တင်ပြကာ ဌာန၏ လမ်းညွှန်ချက်အရ တရားစွဲဆိုခြင်းကို ခံရမည်ဟု ၎င်းက ပြောသည်။

မြေ၊ အိမ်၊ အဆောက်အအုံ စသည့် အခြေပစ်္စည်းများကို ၀ယ်ယူရာတွင် ၀င်ငွေရ လမ်း စိစစ်မှုခံယူခြင်း၊ မိမိပိုင်ဆိုင်ခွင့်အ တွက် ကျသင့်ဝင်ငွေခွန် ထမ်းဆောင်ခြင်း၊ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်းနှင့် စာချုပ် စာတမ်း၊ မှတ်ပုံတင်တို့ကို ဆောင်ရွက်ကြရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေး ထုတ်ပြန်ထား သည်။

ပြည်ထောင်စု အခွန်အကောက်ဥပဒေ အရ ၀င်ငွေရလမ်း ဖော်ပြနိုင်သည့်ဝင်ငွေအပေါ် အခွန်စည်းကြပ် ရန်မလိုဘဲ စည်းကြပ်မှုမှ ကင်းလွတ်နေသော ၀င်ငွေအပေါ်တွင် ၀င်ငွေ တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ ကို ၀င်ငွေခွန် သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ သိန်း ၁,၅၀၀ ကို ၀င်ငွေခွန်နှုန်း ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၅၀၀ မှ သိန်း ၃,၀၀၀ အထိကို ၀င်ငွေခွန် ၂၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃,၀၀၀ အထက်ကို ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်း စည်းကြပ်သွားမည်ဖြစ်သည်။ အိမ်ခြံမြေငှားရမ်းခအခွန်များကိုလည်း အခွန်ဌာနက စိစစ် ကောက်ခံနေသည်။

No comments:

Post a Comment