Monday, September 22, 2014

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်

DVB

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ချီတက်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ မနက် ၉ နာရီကနေ စတင်ပြီး မြရိပ်ညိုဟိုတယ်နားမှာ ရှိတဲ့ ဘောလုံးကွင်းကနေ ကန်တော်ကြီးအထိ လမ်းလျှောက် ချီတက်ခဲ့ပါတယ်။

ကြွေးကြော်သံတွေကတော့ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ နိုင်ငံရေးမှာ အမျိးသမီးတွေ တန်းတူ ပါဝင်နိုင်ရေးတို့ကို ကြွေးကြော်ခဲ့ပါတယ်။

ချီတက်ပွဲကို ၈၈ မျိုးဆက် အမျိုးသမီးဌာနအပါအ၀င်၊ အမျိုးသမီးအဖွဲ့အစည်းအသီးသီးက ပူးပေါင်းပါဝင် ခဲ့ပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို လှည်းတန်းကုန်းကျော်တံတားအောက်က စစ်ကြောင်းတခုနဲ့ သင်္ဃန်းကျွန်း ကျိုက္ကဆံဘုရားလမ်းက စစ်ကြောင်းတခုတို့ကလည်း မနက် ၉ နာရီက စတင်ပြီး လမ်းလျှောက်ခဲ့ကြပါတယ်။

No comments:

Post a Comment