Saturday, September 20, 2014

မြန်မာကျောင်းသားများ ဘန်ကောက် စတန်းဖို့ဒ်တက္ကသိုလ်တွင် ကုန်ကျစရိတ်သက်သာစွာ သင်ကြားနိုင်ခွင့် ဆွေးနွေးပွဲလုပ်မည်

လပြည့်ဝန်း

မြန်မာနိုင်ငံရှိ Business, IT နှင့် Master ကျောင်းသားများ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Stamford International University တွင် ကုန်ကျစရိတ်သက်သက်စွာ သင်ကြားနိုင်ခွင့်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို စက်တင်ဘာ ၂၇ ရက်၊ နံနက် ၁ဝ နာရီ မှ နေ့လည်(၁၂)နာရီအထိ၊ CROWN Education တွင် ရှင်းလင်းဟောပြောမည်ဖြစ်သည်။

ထိုရှင်းလင်းပွဲသို့ ပညာရေး ကဏ္ဍတွင် နိုင်ငံတကာအတွေ့အကြုံများရှိသော Stamford International University မှ Dr. Martin Goerlich က A life Changing Experience ခေါင်း စဉ်ဖြင့် ဆွေးနွေး ဟောပြောမည်ဖြစ်သည်။

Stamford International University (STIU) ကျောင်းသူကျောင်းသား ဦးရေ၏ ၃၀ရာ ခိုင်နှုန်းသည် နိုင်ငံပေါင်း ၆ဝကျော်မှ ကျောင်းသားများ လာရောက်ပညာဆည်းပူးလျက်ရှိသည်။

Stamford ၏ ဘွဲ့ကြို၊ ဘွဲ့လွန်ပရိုဂရမ်များကို ထိုင်းနိုင်ငံရှိ Ministry of Education (MoE) နှင့် Ministry of University Affairs (MUA) တို့မှ အသိအမှတ်ပြုထားပြီး Office of the Higher Education Commission မှ သုံးနှစ်ဆက်တိုက်ထိပ်တန်း တက္ကသိုလ်တစ်ခု အဖြစ် အသိအမှတ်ပြုထားသည်။

Bachelor ပရိုဂရမ်ကျောင်းလခများမှာ မြန်မာငွေ တစ်နှစ်စာ ကျပ် သိန်း ၅ဝ ခန့်၊ သုံးနှစ်စာ ကျပ် သိန်း ၁၅ဝ ခန့် ရှိပြီး MBA ပရိုဂရမ်အတွက် ကျပ် သိန်း ၉ဝ ခန့်သာ ကုန်ကျမည်ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများအတွက် ပညာရေးလမ်းကြောင်းများကို လည်းကောင်း၊ တက္ကသိုလ်တစ်ခုခုမှ ပထမနှစ် ပြီးမြောက်ထားသူများသည် ABE, NCC, LCCI Level 3 ပြီးမြောက်ပါက Airline Business Management, Finance and Banking Management, International Business Management, International Hotel Management, IT, Business IT ဒီဂရီဘွဲ့များ အတွက်လည်းကောင်း၊ ဘွဲ့တစ်ခုခုရရှိထားပါက MBA လျှောက်ထားနိုင်ခွင့်များ ၊ Internship အစီအစဉ်များကို ဆွေးနွေးမည်ဖြစ်သည်။

No comments: