စည်သူမောင်မောင်
ပုသိမ်မြို့အတွင်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ စီတန်းလှည့်လည်ကြသည့် ဧရာဝတီလူငယ်ကွန်ရက်မှ အဖွဲ့ ဝင်သုံးဦးကို မြို့မရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် စက်တင်ဘာ ၂၂ရက်တွင် ပုသိမ်မြို့မ ရဲစခန်းတွင် အမှု ဖွင့်လိုက်သည်။
ပုသိမ်မြို့မ ရဲစခန်း တာဝန်ရှိသူတို့က ယင်းသို့ လှည့်လည်ရာတွင် တရားဝင် အကြောင်းကြားစာ ပေးပို့ထားခြင်းမရှိဟု ပြောသည်။
ယင်းကြောင့် မနန့် အေး၊ ကိုဘိုဘို၊ ကိုရဲသွေးနီတို့ သုံးဦးကို အမှုဖွင့်ထားခြင်းဖြစ်သည်။ ကိုရဲသွေးနီကမူ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်းစည်ပင်၊ ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့မရဲစခန်းတို့သို့ စာပေးပို့ အကြောင်းကြားထားသည်ဟုဆိုသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ ၂၁ တွင် ဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့ အပါအဝင် မအူပင်နှင့် ဟင်္သာတမြို့နယ်များတွင်လည်း အခမ်းအနားများ စီတန်းလှည့်လည်ခြင်းများ ပြုလုပ်ကြသည်။
ပုသိမ်မြို့တွင် ပညာပါရမီနှင့် ဧရာဝတီလူငယ်ကွန်ရက်တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး ကဗျာရွတ်ခြင်း၊ သီချင်းဆိုခြင်း၊သံချပ်ထိုးခြင်းကို ပြည်သူ အင်အား ၁၀၀ ကျော်ဖြင့် မြို့အတွင်း လှည့်လည်ကြခြင်းဖြစ်သည်
No comments:
Post a Comment