Sunday, September 14, 2014

တက္ကသိုလ်အနီး အရက်ပုန်းရောင်းချမှု အရေးယူရန် ပါမောက္ခချုပ်တောင်းဆို

ဝိုင်းအောင်

မကွေးတက္ကသိုလ်အနီးဝန်းကျင်ရှိ ကွမ်းယာဆိုင်များတွင် အရက်ပုန်းများရောင်းချနေခြင်းကို အရေးယူပေးရန် တိုင်းအစိုးရအဖွဲ့အစည်းအဝေးတစ်ခုတွင် ပါမောက္ခချုပ်ဒေါက်တာ အေးကျော်က တောင်းဆိုလိုက်သည်။

“တက္ကသိုလ်ကျောင်းတွေအနီးက လမ်းဘေးပလက်ဖောင်းတွေက ကွမ်းယာဆိုင်တွေနဲ့ သုံးဘီးဂိတ်တွေ ရှင်း ပေးစေချင်တယ်။ ကွမ်းယာဆိုင်တချို့က အရက်ရောင်းချလို့ ကျောင်းသားတွေသောက်တယ်” ဟု ၎င်းက ပြောကြားသည်။

မကွေးမြို့၊ မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၁၀ ရက်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းကြီးကြပ် ရေးကော်မတီပထမအကြိမ် အစည်းအဝေးတွင် ပါမောက္ခချုပ်ကပြော ခြင်းဖြစ်သည်။ မည်သို့ဆောင်ရွက်မည်ဆိုသည်ကို အစည်းအဝေး၌ ဆက်လက်မဆွေးနွေးခဲ့ပေ။

No comments:

Post a Comment