Saturday, September 13, 2014

Patricia ကို Miss World Myanmar 2014 ပြိုင်ပွဲမှထုတ်ပယ်

ပန်းမြတ်ဇော်

Miss World Myanmar 2014 ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် နေသည့် Patricia အားလေ့ကျင့် သည့်ရက် များအ တွင်းပုံ မှန် လာရောက် ခြင်းမရှိပါသဖြင့် ပြိုင်ပွဲဝင် စည်းမျဉ်း၊ စည်းကမ်းနှင့် မညီ၍ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်းMiss World Myanmar Organization ၏ လူမှု ကွန်ရက်ဝက်ဘ်ဆိုဒ် ဖြစ်သည့် ဖေ့ ဘုတ်စာမျက်နှာတွင်စက်တင်ဘာ ၁၀ရက် နံနက်တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

“အဖွဲ့အစည်းနဲ့လုပ်တဲ့အခါမှာ စည်း ကမ်းကအရေး ကြီးဆုံးပါပဲ။ကျွန်တော်တို့ အနေနဲ့ သူ့ကိုထုတ်လိုက် ရတာစိတ်မကောင်းပါဘူး။လေ့ကျင့်ရက်တွေ နောက် ကျတယ်။ တစ်နေ့ကလည်း ဖုန်းဆက်တယ် ဖုန်းမ ကိုင်ဘူး။ဒီနေ့မနက်မှာလည်း ကျွန်တော်တို့ဘက်က ဆက်သွယ်တယ်။ဖုန်းမကိုင်ဘူး။အကြောင်း မပြန်ဘူး။ အဖွဲ့အစည်းမှာ စည်းကမ်းမလိုက်နာတဲ့ ဘယ်သူမဆိုထုတ်ပယ်သွားမှာပါ” ဟုForever BEC-Tero မှ ကိုစိုးသူရက ပြောသည်။

၎င်းသည် Miss World Myanmar 2014 ပြိုင်ပွဲတွင် အမှတ်စဉ် နံပါတ် (၇) ဖြင့်ဝင် ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင်အယောက် ၅၀ ထဲမှ ဆန်ခါ တင် အယောက် ၂၀ထဲတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

၎င်းကိုပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း အဖွဲ့အစည်းက တရားဝင်သတင်း မထုတ်ပြန်ချိန်တွင် Patricia သည် စက်တင်ဘာ ၂ရက်၌ ၎င်း၏လူမှုကွန်ရက်စာ မျက်နှာ တွင် Miss World Myanmar 2014 ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ရေးသားခဲ့ခြင်းကြောင့်၎င်း၏ပရိသတ်များကြား တွင် ဝေ ဖန်ပြောဆိုမှု များ ဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာ ၃ရက် နံနက်ပိုင်းတွင်Patricia သည်စက်တင်ဘာ ၂ရက်က ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားထားသည့် Status ကိုဖျက်လိုက်ပြီး ယင်းStatus နှင့်ပတ်သက်၍ “Miss World Myanmar ပြိုင်ပွဲကို အစွမ်းကုန်ကြိုးစားပြီး ဆက်လက်ယှဉ်ပြိုင်သွားပါမည်။

မနေ့ကPatriciaတင်တဲ့Status ကြောင့် Patricia အတွက် အရမ်းကိုမျှော်လင့်နေကြတဲ့ ပရိသတ်တွေ၊သူငယ်ချင်းတွေအားလုံး စိတ်ဓာတ်တွေကျသွားကြတဲ့အ တွက်အနူးအညွတ်တောင်းပန်ပါတယ်ရှင်” ဟု ပြန်လည် ရေးသားထားသည်ကို တွေ့ရ သည်။

ယင်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် Patricia ကို ပြိုင်ပွဲမှထုတ်ပယ်လိုက်ခြင်းနှင့် ပတ်သက်ပြီး မဇ္ဈိမ ကဆက်သွယ် မေးမြန်းသည့်အခါဖုန်းကိုင်ဖြေ ကြားခြင်း မရှိခဲ့ပေ။

“အားပေးနေတဲ့ပရိသတ်တွေနဲ့Patriciaကြားမှာအထင်လွဲစေပါတယ်။Patriciaကိုယ်တိုင်အထက်ကလူကြီးကိုတင်ပြပြီးဘယ်နေ့ဘယ်ရက်မှာ ကြေငြာရိုက်ဖို့ခွင့် ရက်ရမလဲဆိုတာ သေချာခွင့်တောင်းပြီးမှ လက်ခံရိုက်ကူးရတာပါ။ အထက်လူကြီးက ၉ရက်နဲ့ ၁၀ရက် နှစ်ရက်ခွင့်ပေးပါတယ်။ အထက်ကခွင့်ပြုတဲ့ ရက်ကို သာ Patricia တို့က အလုပ်လုပ်ခွင့် ရှိတာပါ။Miss Myanmar World အထက်ကလူကြီးကခွင့်မ ပေးပဲ Patricia ဘက်က ကြေငြာတွေ လက်ခံလို့ မရပါ။ ဘယ် အလုပ်မဆိုနှစ်ဦးနှစ်ဖက်အဆင်ပြေစေမယ့် နေ့ရက်မျိုးကို ကြိုတင်ညှိနှိုင်းပြီးမှသာလုပ်ဆောင်ရ တာပါ။ Patricia မနေ့က training ဆင်းတဲ့နေ့မှာ ပျက်ကွက် တာမဟုတ်ပါ။ Miss Myanmar World ကဒိုင်လူကြီး တစ်ဦးရဲ့ခွင့်ပေးတဲ့ရက်မှသာ ကြော်ငြာရိုက် တာပါ။ပြီးကျတော့ Patriciaကြော်ငြာရိုက်နေတဲ့ အချိန်မှာ Patricia ကို “ဒီနေ့ဘာကြောင့် မလာတာလဲ”ဆိုပြီး ဂယက်တွေရိုက်ပါတယ်။ ကိုယ့်ဘက်ကပျက်ကွက်လို့ ထုတ်ပယ်တယ် ဆိုတဲ့စကားကို လုံးဝလက်မခံ နိုင်ပါ” ဟု စက်တင်ဘာ ၁၀ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ ထက်တွင်ပြန်လည်ဖော်ပြထားသည် ကို တွေ့ရသည်။

Miss World Myanmar 2014 ပြိုင်ပွဲတွင် ကျန်ရှိနေသည့် ဆန်ခါတင်အလှမယ် ၁၉ယောက်သည် လက်ရှိ တွင်ပြိုင်ပွဲအတွက် လေ့ကျင့်မှုများလုပ်ဆောင်နေပြီး စက်တင်ဘာ ၁၆ ရက်တွင် စင်ကာပူနိုင်ငံ၌ စခန်း သွင်းလေ့ကျင့်ဆောင်ရွက်မည်ဖြစ်သည်။

ယင်းအပြင် စက်တင်ဘာ ၁၉ရက်နှင့် ၂၀ရက်တို့တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြိုသို့ သွားရောက်ကာ မိတ် ကပ်၊ ဆံပင်နှင့် သက်ဆိုင်သည်များကိုလေ့ ကျင့်သင် ကြားကြမည်ဖြစ်သည်။

No comments: