Friday, October 3, 2014

ဦးသိန်းစိန် ဓာတ်ပုံဘေးတွင် နာဇီဟု ရေးကာ ဆန္ဒပြသူကို ခေတ္တဖမ်းဆီးထိန်းသိမ်း

ခင်မြတ်မြတ်ဝေ

အောက်တိုဘာ ၂ ရက်က ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော်အား ကျောက်တံတားမြို့နယ် တရားရုံး၌ ရုံးထုတ်လာစဉ် တရားရုံးရှေ့တွင် ဦးသိန်းစိန် ဓာတ်ပုံဘေး၌ နာဇီဟု ရေးသားထားသည့် စာသားပါ ဗီနိုင်းကိုင်ဆောင် ဆန္ဒပြသည့် ဒီမိုကရေစီစဉ်ဆက်မပျက်လှုပ်ရှားရေးအဖွဲ့မှ မစိန်ထွေးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ခေတ္တဖမ်းဆီးလိုက်ကာ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့သည်။

"လိုအပ်ရင်ပြန်ခေါ်မယ်ဆိုပြီး ပြန်လွှတ်ပေးလိုက်တာ"ဟု မစိန်ထွေးက မဇ္ဈိမကို ပြောသည်။

ကိုထင်ကျော်အား အစိုးရကို အယုံအကြည်မရှိကြောင်း စာရွက်ဖြန့်ဝေခဲ့၍ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ၂၀၁၄ခုနှစ် ဇွန်လက မြို့နယ် ၁၁ခုတွင် တရားစွဲဆိုကာ ဖမ်းဆီးထားခြင်းဖြစ်သည်။ ၎င်းကို ယနေ့ (အောက်တိုဘာ ၂ရက်) နံနက် ၉နာရီက ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ် ဒီမိုကရေစီစဉ်ဆက်မပျက် လှုပ်ရှားရေးအဖွဲ့က အထွေထွေ ရုံးအဖွဲ့ တာဝန်ခံ မစိန်ထွေးနှင့် အဖွဲ့က ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

No comments: