Mizzima
ယင်းမာပင်ခရိုင် တရားရုံးတွင် အမှုရင်ဆိုင်နေရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂ (ဗကသ) အဖွဲ့ဝင် မန္တလေးတက္ကသိုလ် ပထမနှစ် မြန်မာစာ (အဝေးသင်)ကျောင်းသူ မဖြူနှင်းထွေး အမြန်ဆုံးလွတ်မြောက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများ အဖွဲ့ချုပ် (ဗလသ)က ဗကသ နှင့် ပူပေါင်းဆောင်ရွက်သွားမည်ဟု ဗလသ ယာယီ ဥက္ကဋ္ဌ ကိုထွန်းထွန်းဝင်းက မဇ္ဈိမကို ပြောသည်။
“ပူးပေါင်းတယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ အနေနဲ့က ဗကသအဖွဲ့ကြီးကို ဝန်းရံတဲ့အနေအထားနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ မဖြူနှင်းထွေး အမြန်ဆုံး လွတ်မြောက်ဖို့ တောင်းဆိုမှာပါ။ ၁၃ ရက်နေ့ ရုံးချိန်မှာ တရားရုံးကိုသွားပြီး ဆန္ဒထုတ်ဖော်သွားမှာပါ" ဟု ၎င်းကပြောသည်။
ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ခေတ္တထိမ်းသိမ်းခဲ့ရာတွင် မဖြူနှင်းထွေးပါဝင်သည်ဟု စွပ်စွဲကာ ၎င်းအား ပြန်ပေးဆွဲမှုနှင့် သက်ဆိုင်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၄/ ၃၆၈ တိုဖြင့် တရားစွဲဆိုခံထားရခြင်ဖြစ်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့ချုပ်အနေဖြင့် မဖြူနှင်းထွေး ပြန်လည်လွတ်မြောက်နိုင်ရန်အတွက် စက်တင်ဘာ ၂၃ ရက်က အချက် ၅ ချက်ပါ ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
No comments:
Post a Comment