ABC
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြုပြင်ပာင်းလဲ မှုတွေဟာ အရင်နှစ် ကတည်းက ရှေ့မတိုးတော့ပဲ ရပ်တန့်နေပြီလို့ ပြောလိုက်ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
နိုင်ငံ တကာ အနေနဲ့ မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေ အပေါ် အထူး အကောင်းမြင်တာမျိုး မလုပ်ဖို့လည်း သတိပေး လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေကို တကယ်လေ့လာကြည့်လိုက်ရုံနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အရင်နှစ် အစောပိုင်းကတည်းက ရပ်တန့်သွားပြီ ဆိုတာကို သတိထားမိကြလိမ့်မယ်လို့ ပြောပါတယ်။
ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေအကြောင်း တသွင်သွင် ပြောနေတဲ့ လူတွေကိုလည်း လွန်ခဲ့တဲ့ ၂၄ လအတွင်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုက ဘယ်ဟာလည်း ဆိုတာကို မေးမြန်းလိုကြောင်း ပြောသွားခဲ့ပါတယ်။
မနေ့က NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တာပါ။
အမေရိကန် အစိုးရအနေနဲ့ မြန်မာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် အကောင်းမြင်လွန်းတာတွေ ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
လာမယ့် သီတင်းပါတ်မှာပဲ အမေရိကန် သမ္မတ ဘာရက် အိုဘားမား မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်ကိုလည်း သီးသန့်တွေ့ဆုံဖို့ ရှိပါတယ်။

No comments:
Post a Comment