နန်းမြင့်၊ ရွှေရည်ဝင်းထက်
ရန်ကုန်၊ နိုဝင်ဘာ ၆ ရန်ကုန်မြို့တွင် တန်ဆောင်မုန်း လပြည့်နေ့ နိုဝင်ဘာလ ၆ ရက် နံနက်၆နာရီခွဲက လေဆင်နှာမောင်းဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့်လှိုင်မြို့ နယ်၊ အမှတ် ၁၃ ရပ်ကွက်နှင့် ၁၆ ရပ်ကွက် တို့တွင် အိမ်များ အမိုး လန်ခြင်းနှင့် သစ်ပင်ပိ ပျက်စီး ခဲ့သဖြင့် အိမ်ထောင်စု ၇၀ ကျော်၏ နေအိမ်များ ထိခိုက်ခဲ့ရ သည်။
အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်ခဲ့ခြင်းကြောင့် ထိုရပ်ကွက်နှစ်ခုတွင် နေအိမ်များပေါ်သို့ သစ်ပင်များပြို လဲခြင်း၊ နေအိမ်အမိုးလန်ခြင်း၊ သစ်ပင်များလဲခြင်း၊ ဓာတ်တိုင်များကျိုးကျခြင်း၊ လဲခြင်းနှင့် ဖုန်းတိုင်များလဲ ကာ ဖုန်းကြိုးများ ပျက်စီးခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
လှိုင်မြို့နယ် အထောက်အကူပြု အဖွဲ့မှ ဦးသိန်းစိုးက “ဒီနားလေးကွက်ပြီး လမ်းကြောင်းကျသွားတော့ လမ်းကြောင်းထဲကျတဲ့ သစ်ပင်တွေကလဲတော့ဓာတ်ကြိုး လိုင်းတွေ ပြိုကြပြီး လမ်းတွေပိတ်သွားတယ်။ တိုင်းလျှပ်စစ် အီးပီစီကလာပြီး လုပ်နေကြတယ်။ ညနေတော့ မီးလင်းမယ်လို့ ပြောတယ်”ဟု ပြောသည်။
လှိုင်မြို့နယ်၌နေထိုင်သူ ကောင်းစု ဖက်ရှင်မှ ဒေါ်ငယ်က “တော်တော် ဆိုးဆိုး ဖြစ်သွားတယ်။ အချိန်က ငါးမိနစ် လောက်ပဲကြာတယ်”ဟု ပြောသည်။လူနေအိမ် ၆၈ လုံး လှိုင်မြို့နယ်၊ အမှတ် ၁၃ ရပ်ကွက် နှင့် ၁၆ ရပ်ကွက်တို့မှ နေအိမ် ၆၈ လုံး အမိုးလန်သွားပြီး သစ်ပင်ကြီးများပိခြင်းကြောင့် နေအိမ်သုံးလိုပြိုကြခဲ့ရသော် လည်း ထိခိုက်သူမရှိခဲ့ဟု လှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်က ထံမှသိရသည်။
လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ အိမ် အမှတ် ၂၆/ဘီ၊ အင်းစိန်လမ်းမပေါ်မှ သံနှင့် သံထည်ပစ္စည်း အရောင်း ဆိုင် သစ်သားနှစ် ထပ်အိမ်ပေါ်သို့ သစ်ပင်ပိခံခဲ့ရသည့် ဆိုင်ရှင် မဆွေဆွေဝင်းက “အိပ်နေတာ အသံနက်ကြီးနဲ့ ကြောက်စရာ လန့်စရာအသံကြီးနဲ့လာတာ”ဟု ပြောသည်။
လှိုင်မြို့နယ် ၁၆ ရပ်ကွက် အိမ် အမှတ် ၁/ခ မြင့်နိုင် ပရိဘောဂဆိုင်နှင့် နေအိမ်တွဲလျက်ရှိသည့် နှစ်ထပ် အိမ်ပေါ်သို့ ဗာဒံပင်ပြိုလဲခဲ့သဖြင့် အိမ်ပြိုခဲ့ပြီး ပရိဘော ဂပစ္စည်းများ ဆုံးရှုံးခဲ့ရမှုနှင့် ပတ်သက်၍ ပိုင်ရှင် ကိုမျိုးဇော်က “လေဆင်နှာမောင်းတိုက်ပြီး အိမ်ပေါ် အပင်လဲကျသွားတာ။ အိမ်ရော၊ ပစ္စည်းရော ပျက်စီးဆုံးရှုံး မှုက သိန်း ၁,၂၀၀ လောက်ရှိမယ်”ဟု ပြောသည်။“
ဓာတ်တိုင် ၃၀ ရန်ကုန်-အင်းစိန်လမ်းနှင့် ပါရမီလမ်းဘေးရှိ လျှပ်စစ်တိုင် ၃၀ ၀န်းကျင် ပျက်စီးသွားသည်ဟု ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့ ဗဟန်းမြို့ နယ်အုပ်ချုပ်ရေးမှူးဦးရင်မိုးကပြောသည်။“ဒီနေ့မီးပြန်ရ အောင်အတတ် နိုင်ဆုံးကြိုးစားနေတယ်”ဟု ပြောသည်။ လေဆင်နှာမောင်းတိုက်ပြီးနောက် နံနက် ၆ နာ ရီခွဲကျော်တွင် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ရသည်။
ထိခိုက်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအတွက် လှိုင်အားကစားကွင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ် စောင့်ပေးထားသည်ဟုလည်း လှိုင်မြို့နယ်မီးသတ် ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်က ဆိုသည်။
သစ်ပင်ရာကျော် မုန်တိုင်းကြောင့် သက်ရောက်သည့် မိုးဖြစ်သည့်အတွက် ၂၄ နာရီပတ်လုံးရွာ သွန်းခဲ့ခြင်းကြောင့် မြေပျော့ ကာ လေဆင်နှာမောင်း တိုက်ခတ် ချိန်တွင် သစ်ပင်များ ပြိုလဲခဲ့ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြောက်ပိုင်းခရိုင်မှ ပန်းဥယျာဉ်ဌာနမှူးဦးမျိုးသိန်းကဆိုသည်။
အင်းစိန်လမ်းမတစ်လျှောက်နှင့် ပါရမီလမ်းတစ်လျှောက်၊ ဘာတာဈေးရှေ့နှင့် ကြို့ကုန်းရှိ သစ်ပင်အချို့ ကျိုးကျခြင်း၊ အမြစ်မှ ပြုတ်ထွက် လဲကျခြင်း များ ဖြစ် ပေါ်ခဲ့သည်ဟု ၎င်းကဆိုသည်။
သစ်ပင်များ ကျိုးကျ၊ ပြိုလဲခြင်းကြောင့် ပန်းဥယျာဉ်ဌာနမှ ၀န်ထမ်း အလုပ်သမား ၂၀၀ ဖြင့် သစ်ပင်များ ခုတ် ထွင်ခြင်း၊ အမှိုက်များ သယ်ဆောင်ညခင်း၊ လမ်း ပိတ်ဆို့မှုများကို ဖယ်ရှားခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ပန်းဥယျာဉ်မှူး ဦးမျိုးသိန်းက ဆိုသည်။
အသက်အန္တရာယ်မရှိ မရမ်းကုန်မြို့နယ် ကြက်ခြေနီအဖွဲ့ မှ ဒု - တပ်ရင်းမှူး ဦးမောင်မောင်မြင့်က “မရမ်းကုန်း ဘက်လည်း ထိ တယ်။ လှိုင်ဘက်ခြမ်း ကတော့ များတော့ အရေးပေါ် ကယ်တယ်ရေးအဖွဲ့က ဖြစ်တဲ့နေရာမှာ လာပြီး ဒဏ် ရာရ သူတွေကို ပြုစုပေးတယ်။ နှစ်ယောက်၊ သုံးသောက် လောက်ပဲ ခလုပ်တိုက်လို့ ရှတာ။ သံပြားရှတာ တွေပဲ ရှိတယ်”ဟု ပြောသည်။
အဆိုပါ လေဆင်နှာမောင်းတိုက် ခတ်မှုဖြစ်ပွားခဲ့သည့် နေရာများတွင် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး အဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင် သာယာ ရေးကော် မတီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၀န်ထမ်းများကရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။
No comments:
Post a Comment