အေအက်ဖ်ပီ (ဝါရှင်တန်ဒီစီ)
စက်တင်ဘာလအတွင်း စီးပွားရေး အချက်အလက်များ မမျှော်လင့်ဘဲ ထိုင်းမှိုင်းခဲ့သဖြင့် အမေရိကန်၏ စီးပွားရေး အနာဂတ် အလားအလာ ကို စီးပွားရေးပညာရှင်များ မခန့်မှန်းနိုင်အောင်ရှိနေစဉ် ဒေါ်လာဈေးသည် အခြား အဓိကငွေကြေးများနှင့် ယှဉ်လျှင် လေးကြိမ်တိုင် အတက်ပြခဲ့ပြီးနောက် နိုဝင်ဘာ ၄ ရက်တွင် စတင်အတက်ရပ် သွားခဲ့သည်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဌာန အစီရင်ခံစာအရ ကုန်ပစ္စည်းအမှာသစ်များ စက်တင်ဘာလအတွင်း ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ (သို့မဟုတ်) ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားရာ ဒေါ်လာ ၄၉၉ ဒသမ ၄ ဘီလီယံသာရှိသည်။ ယခင်လနှင့် စာလျှင် ပြည်ပပို့ကုန် နှေးကွေးသွားပြီး သွင်းကုန်မှာ ယခင်လ အတိုင်း တန်းနေရာ ကုန်သွယ်ရေးလိုငွေမှာ ဒေါ်လာ ၄၃ ဒသမ ၀ ဘီလီယံရှိသည်။
“စက်တင်ဘာ တစ်လလုံး ပို့ကုန်ရော သွင်းကုန်ပါ မျှော်လင့်ထားတာထက် အားနည်းနေခဲ့တယ်။ ဒါဟာ စတုတ္ထသုံးလပတ်မှာ အားဆက်နည်းနေမယ့် သဘောပါပဲ” ဟု မက်ခရိုစီးပွားရေးအကြံပေးက ပြောသည်။
စီးပွားရေး လှုံ့ဆော်ရေးအစီအမံများ ကို ပြန်လည်သုံးသပ်ရန် ဥရောပဗဟိုဘဏ် အစည်းအဝေးမတိုင်မီ နှစ်ရက်အလိုတွင် ဥရောပဗဟိုဘဏ်အတွင်း ပေါ်လစီအငြင်း အခုံများကြောင့် ဥရောပဈေးကွက်၌ ရိုက် ခတ်မှုများရှိခဲ့သည်ဟု Daily Fx သတင်းစာမှ Chritopher Vechio က ပြောကြားသည်။
ဥရောပနိုင်ငံများ၏ ဗဟိုဘဏ်များသည် ငွေကြေးပေါ်လစီ ဆုံးဖြတ်ရာတွင် ဘေးဖယ်ခံထားရသည်ဟု ခံစားရနေရသဖြင့် ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌမှာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သတင်းထွက်လာ သည်။
ထိုဖြစ်ရပ်ကြောင့် ဥရောပ ဗဟိုဘဏ် ECB ကို အရေအတွက်လျှော့ချရေး အစီအစဉ် ဆွေးနွေးမှုများ ချုပ်တည်းထားလိုက်သဖြင့် တစ်ခုတည်းသော ဥရောပငွေကြေးစနစ်ကို ထောက်ခံမှု တိုးလာခဲ့သည်။
No comments:
Post a Comment