မင်းမင်း
ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး အဝါရောင်အဆင့်ရှိမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနေပြီဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၅ ရက် ည ၇ နာရီတွင် မုန်တိုင်းသတင်း ထုတ်ပြန်လိုက်သည်။
လက်ရှိအနေအထားတွင် အဝါရောင်အဆင့်ရှိသည့် မုန်တိုင်းငယ်သည် ပုသိမ်မြို့၏ ပုသိမ်မြို့၏ အနောက် တောင်ဘက် မိုင်၄၈၀ခ န့်၊ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲ(လ်)ယားမြို့၏ အနောက်-အနောက်မြောက် မိုင် ၃၂၀ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင်(၃၇၀)ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု မိုး/ဇလက ခန့်မှန်းထားပြီး လက်ရှိအနေအထားအရ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်းမရှိသေးဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက်သုံးရက်အတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲ ခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြ ည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွ က်၍ မိုးကြီးနိုင်ပါသည်ဟု မိုး/ဇလက ဆိုသည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများ ကျ ရောက်ပြီး လှိုင်းကြီးနိုင်သည်ဟု အစိုးရ၏ တရားဝင်ဝက်ဆိုက်ဒ်ဖြစ်သည့် www.moezala.gov.mm တွင် ဖော် ပြထားသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/လေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင် သည်။
No comments:
Post a Comment