မင်းမင်း
သာသနာ ညိုးနွမ်းစေမှုဖြင့် တရားစွဲခံ ထားရသည့် စာရေးဆရာ ထင်လင်းဦး၏အမှုကို အာမခံတောင်း ဆိုမှုအပေါ်ချောင်း ဦးမြို့နယ်တရား ရုံးက ပယ်ချလိုက်သည်ဟု ဦးထင်လင်းဦး၏ ဇနီးဖြစ်သူ ဒေါ်စောသန္တာက မဇ္ဈိမကို ပြောသည်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာတွင် ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲတွင် ဦး ထင်လင်းဦး၏ ဟောပြောချက် အချို့သည် ဘာသာ၊ သာသ နာကိုစော်ကားသည် ဟူသောစွပ်စွဲချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးဦးဦးထွန်းခိုင်က တရားလိုပြု လုပ်တိုင်ကြား ထားခြင်းဖြစ်ပြီး ဒုတိယ အကြိမ် ရုံးချိန်းတွင် တရားရုံးက အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်စော သန္တာက “တရားလို ဘက်က ရှေ့နေက တရားခံဟာ ကျန်းမာရေး လည်းကောင်းတဲ့ အတွက်ကြောင့် ဆိုပြီး ပြောတဲ့ အပေါ်ကို တရားသူကြီး ကလည်း ဒီအတိုင်း ဆုံးဖြတ်ပြီး ကျွန်မတို့ ဘက်က အာမခံတောင်း ဆိုမှုကို ပယ်ချ လိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။
တရားရုံးက အာမခံပယ်ချ လိုက်ပြီးနောက် စာရေးဆရာ ထင်လင်းဦးကို မုံရွာထောင်သို့ အချုပ်ကားဖြင့်ချက်ချင်း ပြန်ပို့လိုက်သည် ဟုတရားခွင် သို့သွားရောက် ခဲ့သူ ဒေါ်စောသန္တာက ဆိုသည်။
“ကျွန်မတောင်း ဆိုလို့ သူ့ကို ထမင်းကျွေး ခွင့်လေးတော့ ရလိုက်တယ်။ ပြီးတာနဲ့ ချက်ချင်း မုံရွာထောင်ကို ပြန်ပို့ လိုက်တယ်” ဟု ၎င်းက ပြောသည်။ လာမည့် ဒီဇင်ဘာ ၃၁ရက်တွင် တတိယ အကြိမ်မြောက် ရုံးချိန်းကို တရားရုံးက ပြန်လည် ချိန်းဆို ထားသည်။
စာရေး ဆရာ ထင်လင်းဦးကို ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ၂၉၅( က)(ဘာသာ သာသနာ ကိုဖြစ်စေ၊ ဘာသာ သာသနာ ယုံကြည်မှု ကိုဖြစ်စေ၊ နာကြည်းစေရန် တမင်ကြံ ရွယ်ခြင်း)၊ ၂၉၈ (ဘာသာရေး စိတ်ကို နာစေရန် တမင်ကြံရွယ် ၍ စကားပြော ဆိုခြင်း) ပုဒ်မနှစ်ခုဖြင့် တရားရုံးတွင် စစ်ဆေး ခဲ့ခြင်းဖြစ်သည်။
စာရေးဆရာ ထင်လင်းဦးသည် ချောင်းဦးမြို့နယ် သုံးပန်လှ ကျေးရွာတွင် အောက်တိုဘာ ၂၃ ရက် ညကကျင်းပခဲ့သော ဦးဝိစာရ ဂုဏ်ပြုစာပေဟောပြောပွဲ၌ စာရေးဆရာ ညီမင်းညို၊ စာရေးဆရာဦးဘုန်း (ဓာတု)တို့ နှင့်အတူ ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် စာရေးဆရာ ထင်လင်းဦး၏ ဟောပြောချက် အချို့သည် ဘာသာ၊ သာသနာကို ထိခိုက်စော်ကား သည်ဟုဆိုကာ တရားစွဲ ဆိုခံရခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးထင်လင်းဦးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် “အမျိုးသိပ်ချစ် နေရင် ဘုရားကို မကိုးကွယ်နဲ့တော့ လို့ ပြောခဲ့တယ် ဆိုတဲ့ စွပ်စွဲ ချက်ကို ဖြေရှင်း ပါတယ်။
မြတ်စွာဘုရား ကိုယ်တော်တိုင်က သိဒ္ဓတ္ထ မင်းသား ဘဝက အမျိုးအနွယ်ဟာ ငါဘုရား အမျိုး မဟုတ် မင်းကြီး အမျိုးသာလျှင် ဖြစ်တယ် ဆိုတဲ့ စကားတော်ကို ကျွန်တော်ကိုး ကားခဲ့ပါတယ်။ ဗုဒ္ဓဘာသာဟာ အမျိုး ဇာတ်ကို မခွဲခြား ပါဘူး အမျိုးဇာတ်ကို ခွဲခြားနေ ရင်လည်း ဗုဒ္ဓဘာသာ ဝင်စစ်စစ် မဖြစ်နိုင်တော့ပါဘူး။ ဗုဒ္ဓဘာသာမှာ နိုင်ငံရေးမပါပါဘူး။ လူမျိုးရေး မပါပါဘူး၊ နိုင်ငံရေးလူမျိုးရေးတွေနဲ့ ရောယှက်လာရင် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် မဖြစ်နိုင်တော့ပါဘူး” စသဖြင့် ဖြေရှင်းထားသည်။
No comments:
Post a Comment