အောင်ကိုဦး
လက်ပံတောင်းစီမံကိန်းအတွက် ခြံစည်းရိုးခတ်သည်ကို တားဆီး၍သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ မိုးကြိုးပြင် လယ်ရွာမှဒေါ် ခင်ဝင်းကို ဆားလင်းကြီး ပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာ ၂၄ရက် နံနက် ၁၀နာရီက ရင်ခွဲစစ်ဆေးရာ သေနတ် ဒဏ်ရာဖြင့် သေဆုံးကြောင်း မုံရွာဆေးရုံအုပ် ကြီးက အတည်ပြုပြော ဆိုလိုက်သည်။
မုံရွာပြည်သူ့ဆေးရုံအုပ်ကြီး ဦးသန်းညွှန့်က "သေနတ်ဒဏ်ရာပါ။ ဘာကျည်ဆံနဲ့ ပစ်တယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ကျွမ်းကျင်တဲ့ သူတွေမှသိပါမယ်။ ဦးခေါင်းလန်သွားတာပါ။"ဟု မဇ္ဈိမကို အတည်ပြု ပြောသည်။
ဒေါ်ခင်ဝင်း၏ အလောင်းကို ဆေးရုံမှ မိုးကြိုးပြင် အလည်ရွာသို့ ပြန်လည် သယ်ဆောင်ကာ ညနေပိုင်းတွင် သင်္ဂြိုလ်မည်ဟု သေဆုံးသူ၏ မောင်ဖြစ်သူ ဦးသောင်းဌေးက မဇ္ဈိမကို ပြောသည်။
ဆားလင်းကြီးဆေးရုံတွင် ရင်ခွဲစစ်ဆေးနိုင်ရန်အတွက် မန္တလေးမြို့မှ ဘဝအလင်း ဆရာတော် ဦးသောဘိတ နှင့် ၈၈ အဖွဲ့တို့မှ ဦးဆောင် ၍ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment