Thursday, December 25, 2014

မိကျောင်းကန် သပိတ်စခန်း ဖျက်သိမ်း ခံရ

နန်းမြင့်

မြို့တော်ခန်းမ၀င်၊ ထွက်ပေါက် ရှေ့တွင် ဆန္ဒပြ နေသည့် မိကျောင်းကန် သပိတ် စခန်းကို ဒီဇင်ဘာလ ၂၃ ရက် နံနက် စောစော တွင်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖျက်သိမ်း လိုက်ပြီး ဆန္ဒထုတ်ဖော်သူ ၁၄ ဦးကိုလည်း ပုဒ်မသုံးခု ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း တရားစွဲဆို ခံထားရ သူမိကျောင်း ကန်သပိတ် စခန်းမှ ဒေါ်အေးမိက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်က စတင်ကာတားသပိတ်ဖြင့် ဆန္ဒထုတ်ဖော်နေသည့် မိကျောင်းကန် သပိတ်စခန်း ဆန္ဒပြ သူ အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား သုံးဦးကို ဒီဇင်ဘာ ၂၃ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်မှူး၊ မြို့နယ်မှူး နှင့် စခန်းမှူးတို့ အပါအ၀င် ရဲတပ်ဖွဲ့ ၀င်များက ဖမ်းဆီးခေါ်ဆောင် ခဲ့ပြီးမြို့တော် ခန်းမရှေ့သ ပိတ်စခန်းကို လည်း ဖျက်သိမ်း ခဲ့သည်။

အဆိုပါ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံ ရသူများကို ကျောက်တံတားမြို့နယ် တရားရုံးတွင် ပြစ်မှုကြီး အမှတ် ၄၀၇/ ၂၀၁၄ ငြိမ်ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်း စွာစီ တန်း လှည့်လည်ခွင့်ဥပဒေ ပုဒ်မ-၁၈ ဖြင့်လည်းကောင်း၊ ပြစ်မှု ကြီးအမှတ် ၄၀၈/၂၀၁၄ က ၂၀၁၄ ငြိမ်ချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့် ပုဒ်မ-၁၈ ဖြင့်လည်းကောင်း၊ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ပုဒ်မ-၁၈ဖြင့်လည်းကောင်း၊ ပြစ်မှုကြီး အမှတ်၄၀၉/၂၀၁၄ကပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၁၄၃/၃၄၁ တို့ဖြင့် လည်းကောင်း စွဲချက် တင်လိုက် ပြီးဖြစ် ကာအဆိုပါ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရသူများ ထိုနေ့ နေ့လယ်မှာပင် အာမခံဖြင့်ပြန်လည် လွတ်မြောက် လာခဲ့သည်။

ထိုတရားစွဲဆိုခံထားရသူများကို၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၆ ရက်တွင် ရုံးချိန် ပြန်လည်ချိန်းဆို လိုက်သည်ဟု တရားလွှတ် တော်ရှေ့နေ ဦးရောဘတ် စန်းအောင် ကပြောသည်။

“ဒီအမှုကို ကျွန်တော် ဆက်လိုက်ပေး သွားမယ်”ဟု ၎င်းက ပြောသည်။ ပြစ်မှုကြီး အမှတ် ၄၀၉/၂၀၁၄ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၁၄၃/၃၄၁ကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ စီမံရေး ရာဌာနမှူး ဦးမောင်မောင်ဇော်က တရားလိုပြု တရားစွဲ ဆိုခဲ့ခြင်း ဖြစ်ပြီး ငြိမ်းစုစီ ပုဒ်မ(၁၈)ဖြင့် နှစ်မှုကိုလည်း ရဲမှူးဦး တင်လှက တရားလိုပြု တရားစွဲဆိုထား ခြင်းဖြစ်သည်။

ဒေါ်အေးမိက “မနေ့က ပြောတယ်။ သူတို့ကို ၃၉၀ ဦး စာရင်း ပေးပါမယ်။ ဒီမနက်မှ လာယူ မယ်လို့ ပြောတယ်။ ဒီမနက် ဝေလီဝေလင်း ပဲရှိသေးတယ်။ လူစာ ရင်းပါတဲ့ စာအုပ်ယူပါလို့ ပြောတော့ စာအုပ် မယူဘူး။ ရှိတဲ့လူပဲ လိုက်ခဲ့ ပါလို့ ပြောတယ်။ သူတို့ကအန်တီ တို့ကို အတင်းဆွဲ ခေါ်သွားတာ။ အာမခံက ကိုယ်ဘာ သာကိုယ် ခံဝန်ချက်နဲ့ အာမခံတင်ခဲ့တာပါ။မြို့တော် ခန်းမမှာတွေ့တုန်းက ဖမ်းဆီးမှု မလုပ်ပါဘူးလို့ပြောခဲ့ တယ်။ တရားရုံးကခေါ်ရင် ရင်ဆိုင်ဖို့ပဲပြော ပါတယ် ”ဟု ပြောသည်။

မိကျောင်းကန် သပိတ်စခန်း ဆန္ဒပြသူ များမှာ စုစုပေါင်း ၃၉၀ ရှိခြင်းကြောင့် ၁၄ ဦး ကိုသာ အရေး ယူခြင်း အပေါ် ကျေနပ်မှု မရှိကြောင်း၊ ညှိနှိုင်းမှု မပြုလုပ် လျှင် ၃၉၀ကို ဖမ်းဆီးအရေး ယူရန်ကို သာလို လားလျက် ရှိသည်ဟု အမှုရင်ဆိုင် နေရသူ ဒေါ်အေးမိက ဆိုသည်။

မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော် ထုတ်နေသည့် မိကျောင်းကန် သပိတ် စခန်းဆန္ဒ ပြသူများကို ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန် တိုင်းဒေသကြီး ဒုတိယတိုင်းရဲ မှူးကြီးဝင်းဗိုလ်က မတရား တားဆီး ကန့်ကွက်ခြင်းနှင့် မတရား ချုပ်နှောင် ထားခြင်း ဆိုင်ရာ အမှုများဖြင့် အရေးယူ ထားပြီး သပိတ်စခန်းကို ဖျက်သိမ်းမည် မဟုတ်ဟုပြော ကြားခဲ့ သော်လည်း ဒီဇင်ဘာ ၂၃ ရက်တွင် သပိတ်စခန်း ဖျက်သိမ်းလိုက်သည်။

မိကျောင်းကန် ဆန္ဒပြအဖွဲ့ များသည် ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ ဆူးလေစေတီဘေး စည် ပင်ဝန်ထမ်းများ ၀င်/ထွက်ပေါက်တွင် ဒီဇင်ဘာ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှ စတင်၍ ယခုအချိန် အထိ ပိတ်ဆို့၍ အုပ်စုဖွဲ့ အော်ဟစ်ခြင်းကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ မှဝန် ထမ်း များလုပ်ငန်းဆောင် ရွက်ရာတွင် အဟန့်အတား ဖြစ်ပေါ်ခဲ့ခြင်း တို့ကြောင့် အမှုဖွင့်ဆောင် ရွက်ပေးရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စီမံရေးရာဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ကျောက် တံတား ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment