မဇ္ဈိမ
မူဆယ်၊ နောင်ချို၊ ညောင်ခါးရှည်တို့တွင် နိုဝင်ဘာလအတွင်း ကန့်သတ်ကုန်နှင့် တရားမ၀င် ကုန်စည်ကျပ် ၆၂၇ ဒသ မ ၀၅၄သန်း ဖိုး ဖမ်းဆီးရမိ ခဲ့သည်ဟု တရားမ ၀င်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော် မတီက သတင်း ထုတ်ပြန်သည်။
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ် မူဆယ်၁၀၅ မိုင်ထုတ် နုတ်အင်အား၊နောင်ချိုနှင့် ပဲခူး တိုင်း၊ဝေါမြို့နယ်ရှိ မိုဘိုင်းတင်း အဖွဲ့များ ကသစ်တော ထွက်ကုန်၊ အေးခဲ အသား၊ ပင်လယ်စာ၊ ကြက်သွန် ဖြူ၊ စားသောက်ကုန်၊ ဖုန်းဟန်းဆက်၊ ဘီယာ၊ သတ္တုမှုန့် ဟုယူဆ ရသော အမှုန့်၊ အခြား ပစ္စည်း များနှင့် သယ်ဆောင် လာသော ယာဉ် ၁၁ စီးကို သိမ်းဆည်း ရမိသည်။
ပွင့်လင်းရာသီရောက်ရှိလာ၍ မူဆယ်နယ်စပ်ရှိ လမ်းကြောင်းကိုးခုမှ ညအချိန် မှောင်ခိုကုန်ကူး မှုများကိုဖမ်း ဆီးစစ်ဆေး နေသည်ဟု စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြော သည်။
မူဆယ် ၁၀၅ မိုင် ထုတ်နုတ်အင် အားမိုဘိုင်း တင်းအဖွဲ့သည် သစ်တော ထွက်ပစ္စည်းလေးမှု၊ အေးခဲအ သား/ ပင်လယ်စာသုံးမှု၊ ဟန်းဆက်သုံးမှု ၇၇၄ လုံး ၊ကြက် သွန်ဖြူတစ်မှု၊ စားသောက် ကုန်ငါးမှု၊ ဆိုင်ကယ် တစ်မှု (နှစ်စီး)၊ ယာဉ်သိမ်း ဆည်းမှု ခြောက်စီး၊ သတ္တု မှုန့်နှစ်မှု စုစုပေါင်း ခန့်မှန်း တန်ဖိုး ကျပ် ၃၂၆ ဒသမ ၉၃ သန်းဖိုး ဖမ်းဆီးရရှိခဲ့ ခြင်းဖြစ်သည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ဇုန်တွင် OSS မိုဘိုင်းအဖွဲ့နှင့် နောင်ချိုမိုဘိုင်းအဖွဲ့သည် ယခင် အတွေ့ အကြုံ များအရ ရှောင်ကွင်း လမ်းကြောင်း များမှညအ ချိန်မှောင်ခို သယ်ဆောင် မှုများကို ဖမ်းဆီး စစ်ဆေး နေခြင်း ဖြစ်သည်။
နောင်ချိုမိုဘိုင်းအဖွဲ့ကသစ်တော ထွက်ပစ္စည်းကိုးမှု၊ အေးခဲအသား/ ပင်လယ်စာရှစ်မှု၊ ဘီယာနှစ်မှု၊ ကြက်သွန်ဖြူလေးမှု၊ စားသောက် ကုန်ရှစ်မှု၊ ယာဉ်သိမ်း ဆည်းမှုငါးစီး၊ သတ္တုမှုန့်တစ်မှုနှင့် အခြား ၁၈ မှု စုစုပေါင်း ခန့်မှန်း တန်ဖိုးကျပ် ၂၄၂ ဒသမ၁၆ သန်းဖိုး သိမ်းဆည်း ရမိခဲ့သည်။
ပဲခူးတိုင်း၊ဝေါမြို့နယ်၊ ညောင်ခါးရှည် ယာယီအခြေပြု မိုဘိုင်းတင်းအဖွဲ့(၂)က သစ်တောထွက်ပစ္စည် ငါး မှု၊ အေးခဲအသား/ပင်လယ် စာတစ်မှု၊ ဘီယာလေးမှု ၊ စားသောက်ကုန် ၁၁မှု၊ စားဆီ နှစ်မှု၊ လူသုံးကုန် ပစ္စည်းကိုးမှု၊ အခြား ၁၂ မှု စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၅၇ ဒသမ ၉၅ သန်းဖိုး တားဆီး နိုင်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment