ဝင်းကိုကိုလတ်
မြန်မာတစ်နိုင်ငံလုံးတွင် တရားခံပြေးပေါင်း ၁၁,၇ဝ၈ ဦးအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ၂,၄၃၆ ဦးဖြင့် အများဆုံးဖြစ်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
၂ဝ၁၄ ခုနှစ်တွင် ဖမ်းဆီးရန်ကျန်ရှိသည့် တရားခံပြေးများမှာ နေပြည်တော်တွင် ၅၂၄ ဦး၊ ကချင်တွင် ၇ဝ၉ ဦး၊ ကယားတွင် ၃၈ ဦး၊ ကရင်တွင် ၃၅၄ ဦး၊ ချင်းတွင် ၂၁ဝ ဦး၊ စစ်ကိုင်းတွင် ၉ဝဝ ဦး၊ တနင်္သာရီတွင် ၂၃၅ ဦး၊ မန္တလေးတွင် ၁,၅ဝ၉ ဦး၊ မွန်တွင် ၇၂ဝ ဦး၊ ရခိုင်တွင် ၁၁၆၁ ဦး၊ ရန်ကုန်တွင် ၂,၄၃၆ ဦး၊ ရှမ်းတွင် ၃၃၈ဦးနှင့် ဧရာဝတီတွင် ၆၂၅ ဦး စုစုပေါင်း ၁၁,၇ဝ၈ ဦးကျန်နေသည်ဟု ၎င်းက ပြောသည်။
နှစ်အလိုက်အနေဖြင့် ၂ဝ၁၁ တွင် ၁,၅၁၁ ဦး၊ ၂ဝ၁၂ တွင် ၁,၅၁၉ ဦး၊ ၂ဝ၁၃ တွင် ၁၅၂ဝ ဦးနှင့် ၂ဝ၁၄ တွင် ၁,၈၈၄ ဦး စုစုပေါင်း ၆,၄၃၄ ဦး ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားခံပြေးများ ဖမ်းဆီးရမိရေး အထူးအဖွဲ့များဖွဲ့၍ Hot Spot ဒေသများ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒ်ါခင်စန်းလှိုင်က တရားခံပြေးများနှင့် ပတ်သက်၍ဖမ်း ဆီး အရေးယူမှုများကို မေးမြန်းရာအ ထက်ပါအတိုင်းပြန်လည်ဖြေကြားခြင်းဖြစ်သည်။
No comments:
Post a Comment