Wednesday, January 21, 2015

အနုပညာပျိုးခင်းမှ စင်တင်မင်းသမီး နှစ်ဦးနှင့် ဖေ့စ်ဘွတ်ရွာ ဇာတ်ကားရိုက်မည့် သည်ခေတ်နေ

ပန်းမြတ်ဇော်

ဒါရိုက်တာသည်ခေတ်နေက 'ဖေ့စ်ဘွတ်ရွာ 'ဗီဒီယိုဇာတ်ကား ကိုဖေဖော်ဝါရီ ၂ရက်၌ ဒုတိယအကြိမ် စင်တင်သည့် အနုပညာ ပျိုးခင်းမှမင်း သမီးနှစ်ဦးနှင့် ရိုက်ကူး မည်ဟု ၄င်းက မဇ္ဈိမ ကိုပြောသည်။

''၂ဝ၁၅ခုနှစ်မှာကျွန်တော်ရဲ့ပွဲဦးထွက် ဗီဒီယိုကားလေး တစ်ကားပါ။တောကား ရွာကားတွေ တစ်ခါမှ မရိုက်ဖူးသေးပါဘူး။ သဘာဝ သရုပ်ဖော် ဇာတ်လမ်းလေး တစ်ပုဒ် ရိုက်မယ်လို့ စိတ်ကူး မိတော့ မြို့ပရိသတ် အများနဲ့ပါ သက်ဆိုင်မယ့် ဇာတ်လမ်း တစ်ပုဒ်ကို စဉ်းစား မိသွားတယ်။ ဒါက နည်းပညာဇာတ် လမ်းတစ်ပုဒ် မဟုတ်ပါဘူး။ ဒီနေ့ခေတ်၊ ဒီနေ့အချိန်ရဲ့ သဘာဝ သရုပ်ဖော် စစ်စစ် ဇာတ်ကား တစ်ကား ပဲဖြစ်ပါတယ်''ဟု ဒါရိုက်တာ သည်ခေတ်နေ ကပြော ကြားသည်။

ယင်းဇာတ်ကားတွင် မိုးစက်ဝိုင်နှင့် မြတ်မိုးအိမ်တို့က ဇာတ်ညွှန်းရေးသားပြီး မြင့်မြတ်၊ ပိုင်ဖြိုးသုနှင့် ရွှေသမီးတို့က ပါဝင်သရုပ်ဆောင် ကြမည်ဟု ၄င်းကပြော သည်။

အဆိုပါ ဇာတ်လမ်းသည် ရွာတစ်ရွာတွင် ဖေ့စ်ဘွတ် အလွန်တွင် ကျယ်လာခြင်းကြောင့် နွားကျောင်းသား ကအစ သုံးပြီး နွားကျောင်း ကြသည်။ဖေ့စ်ဘွတ်အ သုံးပြုခြင်းကြောင့် တစ်ရွာလုံး ဖေ့စ်ဘွတ်ရွာ ဖြစ်သွား ကာနောက် ဆုံးတွင် စည်းကမ်းချက် သတ်မှတ်လိုက် ရသည် အထိဖြစ် သွားသည့် ဟာသဇာတ် ကားဖြစ်သည်။

ဒါရိုက်တာ သည်ခေတ်နေသည် Kiss Me ဗီဒီယို ဇာတ်ကား ကိုမြင့်မြတ်၊ သဉ္ဇာနွယ်ဝင်း တို့ဖြင့် ရိုက်ကူးခဲ့ပြီး 'ကမ္ဘာဦး မှတ်ပုံတင်' ဗီဒီယို ဇာတ်ကား ကိုလည်း ဒီဇင်ဘာလ အတွင်းက ရိုက်ကူး ပြီးစီး ခဲ့သည်။ ယင်းဇာတ် ကားတွင်ကောင်မလေး မသိအောင် အနမ်းများ အကြိမ်ကြိမ်ပေး မည့်ကောင်လေး တစ်ယောက် ထွက်ပေါ် လာကာ ကောင်မလေးသည် ကောင်လေးကို အမိဖမ်းရသည့်အကြောင်းကို ရိုက်ကူးထား သည်ဟု၎င်း ကပြောသည်။

ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးပြီး နေတိုး၊ မိုးဟေကို၊ ခင်ဝင့်ဝါတို့ ပါဝင် သရုပ်ဆောင် ထားသည့် 'ဟိုဘက် ဒီဘက် မှတ်စု' ဗီဒီယို ဇာတ်ကားနှင့် 'သရဲရထား ' ဗီဒီယို ဇာတ်ကား သည်လည်း ၂ဝ၁၅ ခုနှစ် အတွင်း၌ ထွက်ရှိမည် ဟုဆိုသည်။

ယင်းအပြင် ကောင်းပြည့်၊ စံရတီမိုးမြင့်တို့ ဖြင့် ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာ အတွင်းက ရိုက်ကူး ပုံဖော်ထား သည့် 'ရှေးဟောင်း ဖတ်စာအုပ်' ဗီဒီယို ဇာတ်ကားသည် လည်း ပရိသတ်များ စိတ်ဝင်စားလျက်ရှိကာ၂ဝ၁၅ ခုနှစ် အတွင်း၌ပင် ထွက်ရှိမည်ဟု သည်ခေတ်နေက ပြောသည်။

No comments: