Tuesday, January 27, 2015

ပြည်တွင်းမှာ ဖုန်းအသုံးပြုသူတွေအတွက် မိုဘိုင်းလုံခြုံရေးစနစ် McAfee

မောင်မန်း

မြန်မာနိုင်ငံမှာ လေးနှစ်တာကာလအတွင်း စမတ်ဖုန်းအသုံးပြုမှုရာခိုင်နှုန်းက အဆပေါင်းများစွာ တိုးတက်လာခဲ့ပါတယ်။ နည်းပညာတိုးတက်လာခြင်းရဲ့နောက်ကွယ်မှာ နေ့စဉ်လူမှုဘဝတွေပါ မလုံခြုံတော့ပါဘူး။ ကိုယ်ရေးအချက်အလက်တွေ အချိန်မရွေး ပေါက်ကြားနိုင်တဲ့အခြေအနေပါ။ စမတ်ဖုန်း အသုံးပြုသူတွေအ တွက် စမတ်ဖုန်းတစ်လုံးက ကိုယ်ရံတော်အဖြစ် အသုံးဝင်နိုင်ပေမယ့် ဒီစမတ်ဖုန်းကနေပဲ ကိုယ့်ရဲ့အချက်အလက်တွေ ပေါက်ကြားနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာနေပါတယ်။ ဒီလိုအခြေအနေအတွက် ပြည်တွင်းဈေးကွက်ကို McAfee က မိုဘိုင်းလုံခြုံရေးစနစ်တစ်ခုကို မိတ်ဆက်လာပါတယ်။ သူ့မှာပါဝင်တဲ့ စွမ်းဆောင်ရည်တွေကိုကြည့်ပြီး ကိုယ့်ဖုန်း လုံခြုံရေးအတွက် လိုအပ်မလား ကြည့်ရအောင်ပါ။

အချိန်တိုင်း စောင့်ကြည့်ပေးနေတယ်

McAfee ရဲ့ မိုဘိုင်းလုံခြုံရေးစနစ်က သင့်ဖုန်းကို အချိန်တိုင်း Scan လုပ်ပေးနေပါတယ်။ ဒီလိုလုပ်ပေးနေ တဲ့အတွက် malware ဒါမှမဟုတ် တခြားဗိုင်းရပ်စ်အမျိုး အစားတွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ပါ တယ်။ အင်တာနက် ချိတ်ဆက်အသုံးပြု နေတဲ့ခေတ်မှာ ဖုန်းတစ်လုံးအတွက် အချိန်မရွေး ဗိုင်းရပ်စ်တွေ ဝင်လာနိုင်ပါတယ်။ လင့်ခ်တစ်ခုကို နှိပ်မိတာက အစပေါ့။


ဖုန်းခေါ်ဆိုမှုနဲ့ မက်ဆေ့ခ်ျတွေကိုစစ်ထုတ်နိုင်တယ်

မလိုအပ်တဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ သံသယဖြစ်ဖွယ် မက်ဆေ့ခ်ျတွေ ဝင်မလာအောင် ကာကွယ်နိုင်တဲ့ စနစ် တစ်ခု ထည့်သွင်းပေးထားပါတယ်။ Spam မက်ဆေ့ခ်ျတွေ ဝင်မလာအောင် စစ်ထုတ်နိုင်ပါတယ်။

ဖုန်းတွင်းအချက်အလက်တွေ ပြန်ယူနိုင်မယ်

McAfee လုံခြုံရေးစနစ် သုံးထားတဲ့ ဖုန်းပျောက်သွားတဲ့အခါ ဒါမှမဟုတ် အခိုးခံရတဲ့အခါ ဖုန်းအတွင်း မှာပါ သွားတဲ့ အချက်အလက်တွေကို ကိုယ်မဟုတ်တဲ့ အခြားသူ တစ်ယောက်ကရယူဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အသုံးပြုသူကတော့ ပျောက်သွားတဲ့ ဖုန်းထဲမှာ ပါသွားတဲ့အချက်အလက်တွေကို Cloud မှာ အလွယ်တကူ ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။ ဆင်းမ်ကတ်ဖြုတ်လဲလိုက် တယ်ဆိုရင်တောင် ဒီစနစ်က အသက်ဝင်ပါ သေးတယ်။

နောက်ဆုံး တည်နေရာကို ဖော်ပြတယ်

ကိုယ်ပျောက်သွားတဲ့ဖုန်းကို ကောက်ရသွားတဲ့သူ ဒါမှမဟုတ် ခိုးယူသွားတဲ့သူက ဖုန်းထဲက ဘက်ထရီကို ဖြုတ်လိုက်ရင်တောင် ဖုန်းရဲ့ နောက်ဆုံး တည်နေရာကို ဖော်ပြပေးနိုင်ပါတယ်။ ဒါဟာ ကိုယ့်ဖုန်းပျောက် သွားခဲ့ရင် ဒါမှမဟုတ် အခိုးခံရတယ်ဆိုရင်တောင် ဖြစ်နိုင်ခြေအရှိဆုံးအချက် အလက်တွေကို ခန့်မှန်းဖို့ အကူအညီပေးပါလိမ့်မယ်။

ဒီဖော်ပြချက်တွေက ကိုယ့်ဖုန်းရဲ့ OS အပေါ်မှာ မူတည်ပြီး ကွဲပြားနိုင်ပါသေးတယ်။ ဒါ့အပြင် တခြားလုပ် ဆောင်နိုင်စွမ်းတွေလည်း ရှိပါသေးတယ်။ အသေးစိတ် အချက်အလက်တွေနဲ့ စွမ်းဆောင်ရည်တွေကို တော့ McAfee ရဲ့ မိုဘိုင်းလုံခြုံရေးစနစ် အကြောင်းဖော်ပြချက်တွေမှာ လေ့လာနိုင်ပါတယ်။

အလွယ်ကူဆုံးနည်းလမ်းကတော့ မိုဘိုင်းလုံခြုံရေးစနစ်ကို ထည့်သွင်းတော့မယ်ဆိုရင် ဝယ်ယူမယ့်ဆိုင်မှာ အသေအချာလေ့လာ မေးမြန်းတာပါပဲ။

McAfee မိုဘိုင်းလုံခြုံရေးစနစ်ကို KMD Computer Group က ပြည်တွင်းဈေးကွက်ကို ဖြန့်ချိတာဖြစ်ပြီး KMD က တရားဝင်တင်သွင်းလာတဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေမှာ မိုဘိုင်းလုံခြုံရေးစနစ်ကို တစ်ပါ တည်း ထည့်သွင်းပေးသွားမယ်လို့ KMD ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုယ်ကိုင်ဆောင်ထားတဲ့ ဖုန်း၊ တက်ဘလက်တွေရဲ့ လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားတဲ့နေရာမှာ ပြည်တွင်းဖုန်းအသုံး ပြုသူတွေအနေနဲ့ အားနည်းတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ ဒါကြောင့် မိုဘိုင်းလုံခြုံရေးစနစ်တစ်ခုကို ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

No comments:

Post a Comment