Wednesday, January 21, 2015

အလှမယ်သဉ္ဇာကျော် Miss Progress International 2015 ပြိုင်ပွဲ တွင်ယှဉ်ပြိုင်မည်

ပန်းမြတ်ဇော်

အီတလီ နိုင်ငံတွင် မေလ ၇ရက် မှ ၁၇ရက်အထိတတိယ အကြိမ်မြောက် ကျင်းပမည့်Miss Progress International 2015 ပြိုင်ပွဲ၌ အလှမယ် သဉ္ဇာကျော် ၀င်ရောက် ယှဉ်ပြိုင်မည် ဟု Style Plus H မှ မလှနုထွန်းက မဇ္ဈိမ ကိုပြောသည်။

"လှနု ကတော့ ဘာ ဖိအား မှမပေး ထားဘူး။ ဆုရတာ မရတာထက် သူ့အတွက် အတွေ့အကြုံပဲ။ ဟိုဘက်အဖွဲ့ အစည်း ကလည်း သင်ဇာကျော်ကို သဘော ကျကြတယ်။ ပြီးတော့ ဒီပွဲ အတွက်ကို သင်ဇာကျော် ရဲ့ မေမေက အကုန်အကျ ခံတာပါ" ဟု၎င်းကပြော သည်။

ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် သဉ္ဇာကျော် သည်ပြိုင်ပွဲ အတွက်လို အပ်သည် များကို သင်ကြားလျက် ရှိကာမော်ဒယ်လမ်းလျှောက်နည်း နှင့်မိတ်ကပ် လိမ်းခြယ် နည်းများကို မလှနု ထွန်းထံ မှလေ့ လာ လျက် ရှိသည်ဟု၎င်းကပြောသည်။

" ဒီပွဲ အတွက် ညီမ အကုန်လုံးကို လေ့လာနေ ပါတယ်။ တီချယ် လှနုက သဉ္ဇာကျော်ကို ပြိုင်ပွဲ အခွင့်အရေး တစ်ခုပေး တာပါ။အ ရမ်းလည်း ပျော်ပါတယ်။ ဒီလို ယှဉ်ပြိုင်ဖို့ လည်း အိပ်မက် မမက်ခဲ့ဖူးပါဘူး။ သင်ဇာ အကောင်းဆုံး ကြိုးစား သွားမှာပါ" ဟု သဉ္ဇာကျော် ကပြောသည်။

သဉ္ဓာကျော်သည် အမျိုးသား စီမံခန့် ခွဲမှုကော လိပ်တွင် သတင်းစာ ပညာနှင့် ပတ်သက်ပြီး တတိယနှစ် တက်ရောက်နေ သူဖြစ် သည်။

ယင်း ပြိုင်ပွဲ သည် လူ့အခွင့်အရေး ၊ ကျန်းမာရေး နှင့်လူမှုပတ်ဝန်းကျင် စသည့် ခေါင်းစဉ် များဖြင့် ယှဉ်ပြိုင် မည့် ပြိုင်ပွဲဖြစ် ပြီးနိုင်ငံတကာ မှအလှမယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Style Plus H သင်တန်းကျောင်းသည် အလှမယ် သဉ္ဓာကျော်(Miss Progress Myanmar 2015) အပြင် လဲ့ယမင်းဦး (Miss ASEAN 2014) ၊ လှယဉ်ကျေး (Miss Heritage International 2014) ၊ သဲထက်မောင် (Miss Tourism International 2014) နှင့် အေးချမ်းမြေ့ (Miss Globe International 2014 & Miss ASEAN Myanmar 2014) အလှမယ်များကို ပြည်ပနိုင်ငံများရှိအလှမယ်ပြိုင်ပွဲများ၌ သွားရောက်ယှဉ်ပြိုင်စေလျက်ရှိသည်။

အလှမယ်သဉ္ဗာကျော်သည်၂၀၁၃ခုနှစ်တွင်" ယုံလိုက်တော့ "အော်ဒီယို အယ်လ်ဘမ် ကိုထွက်ရှိထားသူပြီး Miss Progress International 2015 ပြိုင်ပွဲ၏ကိုယ် ရည် ကိုယ်သွေး ပြိုင်ပွဲတွင် သီချင်းဆိုခြင်း ၊မြန်မာအက နှင့်ဆီမီးခွက် အကတို့ဖြင့် ယှဉ်ပြိုင် သွားမည်ဟု သဉ္ဇာကျော် ကပြောသည်။

No comments: