Monday, February 9, 2015

လုပ်ထုံးလုပ်နည်းအသစ် အသက်ဝင်ပြီး တစ်လအတွင်း အိုဟောင်းယာဉ်ပါမစ် ၄၈၀ ကျော် ထုတ်ပေးထား

ထင်လင်းအောင်

အိုဟောင်းယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲ အသက်ဝင်ပြီးသည့် တစ်လအတွင်း အိုဟောင်း ယာဉ်ပါမစ် ထုတ်ပေးမှုအစီးရေ ၄၈ဝ ကျော်ရှိခဲ့သည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်သည်။

၂ဝ၁၄ နှစ်ကုန်ပိုင်းအတွင်း အိုဟောင်းယာဉ်တင်သွင်းမှုများနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း အပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး မှတ်ပုံတင် အခွန်ကောက်ခံမှုကို ရာနှုန်းပြည့်ပေးဆောင်ရမည့် မူဝါဒ အသက်ဝင်ခဲ့ခြင်းဖြစ်သည်။ ၎င်းမူဝါဒသည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ရာ တစ်လအတွင်း ထုတ်ပေးခဲ့သည့် အိုဟောင်းယာဉ်အစီးရေ ၄၈၃ စီးရှိခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထား သည်။

ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက် အထိ အိုဟောင်းယာဉ် ဖျက်သိမ်းမှု အစီးရေ သည် ၁,၁၆၅ စီးရှိ ထားပြီး ယင်းအနက် ၄၈၃ စီးကို အိုဟောင်းယာဉ် ပါမစ်ထားပေးထားခြင်းဖြစ်သည်ဟု ၄င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ဇန်နဝါရီ ၅ ရက်အထိ အိုဟောင်းယာဉ်ပါမစ် ထုတ်ပေးထားသည့် အနက် ပြည်ပမှတင်သွင်း ကာမှတ်ပုံတင် ဆောင်ရွက်လာသည့်ယာဉ်များ မရှိသေးဟု ဆက်လက်ဖော်ပြထားသည်။

အိုဟောင်း ဖျက်သိမ်းယာဉ်များတွင် လူစီးယာဉ် ၁,ဝ၄၈ စီး၊ ကုန်တင်ယာဉ် ၉၃ စီးနှင့် ခရီးသည်တင်ယာဉ် ၂၄ စီးတို့ကို ဖျက်သိမ်းဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

No comments:

Post a Comment