Monday, February 9, 2015

ပုဂ္ဂလိက စက်သုံး ဆီဆိုင် ၁ယ၄၀၂ ဆိုင် ဖွင့်လှစ် ခွင့်ပြုထား

သီဟကိုကို

နိုင်ငံပိုင် စက်သုံး ဆီဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိ ကသို့ အပြီး လွှဲပြောင်းရောင်း ချခဲ့ပြီး ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း ၁,၄ဝ၂ ဆိုင်ခွင့်ပြု ထားသည်ဟု စွမ်းအင်ဝန် ကြီးဌာန ကဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန် ထားသည်။

စွမ်းအင်ဝန် ကြီးဌာန ၊မြန်မာ့ရေ နံထွက် ပစ္စည်းရောင်း ဝယ်ရေး လုပ်ငန်း သည်နိုင်ငံ ပိုင်စက် သုံးဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်း ချပြီးနောက် တွင်နိုင်ငံပိုင် စက်သုံး ဆီဆိုင် ၁၂ ဆိုင်သာ ရှိတော့သည်။

စက်သုံးဆီဆိုင်များအပြင် စက်သုံးဆီ သိုလှောင်စခန်း ခြောက်ခု၊ ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီအဖွဲ့ အစည်းပိုင် ရေယာဉ် ၁၅ စင်း၊လေယာဉ် ဆီဖြန့်ဖြူးရောင်း ချခွင့် လိုင်စင်တစ်ခုတို့ ကိုမြန်မာ့ရေနံထွက် ပစ္စည်းရောင်း ဝယ်ရေး လုပ်ငန်းက ခွင့်ပြုထား ပြီးဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ပုဂ္ဂလိကစက်သုံးဆီဆိုင် ၃၅ ဆိုင်၊ ရန်ကုန် တိုင်းတွင် စက်သုံးဆီဆိုင် ၁၁၃ ဆိုင်၊ မန္တလေးတွင် စက်သုံး ဆီဆိုင် ၃၄၈ ဆိုင်၊ ဧရာဝတီ တိုင်းတွင် စက်သုံး ဆီဆိုင် ၁၅၁ ဆိုင်၊ ပဲခူး တိုင်းတွင် စက်သုံး ဆိုင် ၁၈၂ ဆိုင်၊ ရှမ်း ပြည်နယ်တွင် စက်သုံး ဆီဆိုင် ၂၃၃ ဆိုင် အပါ အဝင် စုစုပေါင်း ၁,၄ဝ၂ ဆိုင်သည် လက်ရှိ၌ ဖွင့်လှစ်ရောင်း ချနေပြီးဖြစ်သည်။

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် လိုင်စင် ထုတ်ပေးရန် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်အသစ် ၄၆၈ ဆိုင်က တင်ပြ ထားပြီး အဆိုပါ အရောင်း ဆိုင်များကို လိုင်စင် ထုတ်ပေးရန် စိစစ်ဆောင် ရွက်ဆဲဖြစ်သည်။

ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ မင်္ဂလာဒုံလေယာဉ်ဆီ ဌာနခွဲ၏ လေယာဉ်ဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် အခြားစက် သုံးဆီဖြန့်ဖြူး မှုလုပ်ငန်း များကို နိုင်ငံတကာ အတွေ့ အကြုံရှိ ပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင် ရွက်ရန် စီစဉ်ဆောင် ရွက်နေပြီး ကုမ္ပဏီတစ်ခုနှင့် အရန် ကုမ္ပဏီ တစ်ခုတို့ကို စိစစ်ဆောင်ရွက်နေသည်။

ကျန်ရှိ သည့်လေဆိပ်များ ၏လေယာဉ် ဆီဖြန့်ဖြူးခြင်း လုပ်ငန်းများကို ပုဂ္ဂလိကနှင့် အကျိုးတူ ဖက်စပ်လုပ်ငန်း ဖြင့် ပူးပေါင်းဆောင် ရွက်သွား မည်ဖြစ်သည်။

စက်သုံးဆီဆိုင်များမှ ရောင်းချသည့်ဆီ အရည်အသွေး ပြည့်မီမှုမရှိခြင်းနှင့် အချင်အတွယ် လျော့နည်းလျက် ရှိခြင်းတို့ကြောင့် အဆိုပါဆိုင်များကို ဝင်ရောက် စစ်ဆေးရာတွင် ငွေကြေးကုန်ကျမှုများပြားသည့်အတွက် ကြောင့် ဈေးကွက်အတွင်းပြိုင်ဆိုင်မှုဖြစ်စေရန် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် နိုင်ငံတကာ စက်သုံးဆီ ကုမ္ပဏီများ ပူးပေါင်းကာ စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန် စီစဉ်နေသည်။

No comments:

Post a Comment