သီဟကိုကို
လှိုင်သာယာမြို့နယ်အတွင်း စက်မှုဇုန်ဝန်ထမ်း များနေထိုင်နိုင်ရန် ဝန်ထမ်းအိမ်ရာ စီမံကိန်းကိုအကောင် အထည်ဖော်သွားရန် စီစဉ်လျက် ရှိသည်ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင် ကပြော သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာန၏ ကြီးကြပ်မှုဖြင့် လှိုင်သာယာမြို့နယ် ရှိမြေဧရိယာ ၁၆ ဧက ခန့်တွင် စက်မှုဇုန် ဝန်ထမ်းများ အတွက် အိမ်ရာ တည်ဆောက်ရန် စီစဉ်လျက် ရှိခြင်းဖြစ်ပြီး အဆိုပါ အိမ်ရာ များတွင် စက်မှုဇုန် ဝန်ထမ်း များနေ ထိုင်နိုင်ရန် စက်မှုဇုန် လုပ်ငန်း များနှင့် ညှိနှိုင်းဆောင် ရွက်သွား မည်ဖြစ်သည်။
၎င်းက ''စက်မှုဇုန်ဝန်ထမ်းအိမ်ရာ ပြီးသွားရင်တော့ စက်မှုဇုန်လုပ်ငန်းရှင်တွေ နဲ့ညှိနှိုင်းပြီး ဝန်ထမ်းတွေ ကို အခမဲ့ ပဲဖြစ်ဖြစ်၊ သက်သာတဲ့နှုန်းနဲ့ပဲဖြစ်ဖြစ် ပြန်ငှားရေးကို ညှိနှိုင်းဆောင် ရွက်သွားမယ်။ အိမ်ရာစီမံ ကိန်းအသေးစိတ် ကိုဆောက် လုပ်ရေး ဝန်ကြီးဌာန နဲ့ဆွေးနွေးနေ တုန်းပါပဲ'' ဟုပြောသည်။
စက်မှုဇုန် ဝန်ထမ်းအိမ်ရာစီမံကိန်း တည်ဆောက်ရန် အစိုးရကပေးထားသည့် မြေ ဧရိယာအကျယ်အဝန်း သည် တစ်နေရာ တည်းတွင်မဟုတ်ဘဲ အကွက်လိုက်ဖြစ်ပြီး စက်မှုဇုန်ဝန်ထမ်း အိမ်ရာကို စက်မှုဇုန်လုပ် ငန်းရှင်များ ပါဝင်ဖွဲ့စည်း ထားသည့် စက်မှုစွမ်းအားစု ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက အကောင် အထည်ဖော် သွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့်မြေဧရိယာများ၌ ကျူးကျော်နေထိုင်သူ အများအပြား ရှိနေရာ အဆိုပါ စက်မှုဇုန်အိမ်ရာ စီမံကိန်း စတင်နိုင်ရေးအ တွက် ကျူးကျော်နေထိုင်မှု များအရေးကို အရင်ဆုံးဖြေ ရှင်းဆောင်ရွက် ရမည်ဟု စက်မှုဇုန် လုပ်ငန်းရှင်များ ကပြောသည်။
မြေ ၁၆ဧကအနက် တစ်ဧကလျှင် အထပ် ငါးထပ်ပါ အဆောက် အအုံတစ်လုံး ကို တည်ဆောက် မည်ဖြစ်ပြီး တစ်ထပ်လျှင် အခန်း ၈၅ ခန်းပါရှိ မည်ဖြစ်ရာ အခန်းပေါင်း ၄၂၅ ခန်း ထွက်ရှိ လာစေ ရန်နှင့် အိမ်ရာစီမံ ကိန်းကိုမြေ သုံးဧက တွင်စတင် အကောင် အထည်ဖော်ရန် လျာထားသည်။
လှိုင်သာယာ စက်မှုဇုန်တွင် စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ တို့ရှိပြီး စက်မှုဇုန် အကျယ် အဝန်းမှာ ဧက ၁,၄ဝဝကျော် ရှိသည်။ စက်ရုံပေါင်း ၆ဝဝ ကျော်ရှိကာ စက်ရုံအလုပ် သမားပေါင်းခြောက်သောင်းကျော် ရှိပြီး အထည်ချုပ် စက်ရုံ အများဆုံး တည်ရှိ သည့်စက်မှု ဇုန်ဖြစ်သည်။
No comments:
Post a Comment