Tuesday, March 3, 2015

မတ်လ ၃ရက်တွင် ကျောင်းသားများ သာယာဝတီကို အရောက်သွားမည်

မဇ္ဈိမ

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများက မတ်လ ၃ရက်တွင် ၎င်းတို့ ရပ်နားနေရာ လက်ပံတန်းမြို့မှ သာယာဝတီမြို့သို့ လမ်းလျှောက်ကာ အရောက်သွားမည်ဟု မတ်လ ၂ရက် ညနေက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျောင်းသားများက ပြောကြားလိုက်သည်။

လက်ပံတန်းမှ မတ် ၃ရက် နံနက် ၉နာရီတွင် စတင်ထွက်မည်ဖြစ်ကာ လမ်းတစ်လျှောက် သျီင်းဖွင့်ခြင်း၊ အလံထောင်ခြင်းများကို မူလအတိုင်း ပြုလုပ်မည်ဟု ဆိုသည်။ မတ်လ ၃ရက် ညတွင် သာယာဝတီမြို့၌ အိပ်စက်ကာ ၄ရက်၌ ရန်ကုန်သို့ မိမိတို့ အစီအစဉ်ဖြင့်ပင် သွားရောက်မည်ဟု ဆိုသည်။

ရန်ကုန်ရောက်ရှိပါက ရွှေတိဂုံဘုရားပေါ်တွင် ဝတ်ပြုရန် ရည်ရွယ်ထားပြီး ခွင့်မပြုပါက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦတွင် အခမ်းအနားပြုလုပ်အပြီး စာမေးပွဲများ ဆက်လက်ဖြေဆိုနိုင်ရန် လမ်းခွဲကြမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

No comments: