ABC
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ဖို့အတွက် လွှတ်တော်က အချိန်ဆွဲနေတဲ့အတွက် ဆန္ဒပြကျောင်းသားအဖွဲ့တွေက ဒီကနေ့ ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ကြပေမယ့် လက်ပံတန်းမှာ တားဆီးမှုတွေ ဖြစ်နေပါတယ်။
လက်ပံတန်းက ပင်မသပိတ် စစ်ကြောင်းတွေ တည်းခိုနေတဲ့ အောင်မြေဗိမ္မာန်ကျောင်းတိုက်ကို ရဲတွေက အင်အား ၃၀၀ လောက်အပြင် မီးသတ်ကားတွေကလည်း ရောက်လာပြီး ပိတ်ဆို့မှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။
ကျောင်းသားတွေကတော့ သူတို့ကို ၁၀ မိနစ်အတွင်း လမ်းဖယ်ပေးဖို့ တောင်းဆိုနေပြီး သူတို့ လက်ထဲမှာ ဘာလက်နက်မှ မရှိဘူးလို့ ပြောဆိုနေပါတယ်။
မြန်မာအစိုးရရဲ့ ၂၈ ရက်နေ့ ထုတ် ထုတ်ပြန် ချက်ထဲမှာတော့ ကျောင်းသားတွေကနေ တင်ပြထားတဲ့ ဥပဒေမှုကြမ်းကို ဆွေးနွေးဆောင်ရွက်နေတဲ့အတွက် ဒီအချိန်အတောအတွင်း ဆန္ဒပြမှုတွေကို ရပ်ဆိုင်းထားဖို့၊ လိုက်နာမှု မရှိရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကျောင်းသားတွေကတော့ ဥပဒေမူကြမ်းအတွက် အချိန်က ဘယ်လောက်ကြာမှာလဲ ဆိုတာကို အတိုင်းအတာ တစ်ခု အနေနဲ့ သိရရင်တော့ ဆန္ဒပြမှုကို ရပ်တန့်ပေးမယ်လို့ ပြောနေပါတယ်။
အခုလောလောဆယ် လမ်းဖယ်ပေးဖို့ တောင်းဆိုနေပြီး မဖယ်ပေးရင် ညှိနှိုင်းဆွေးနွေးမှု မလုပ်ဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။

No comments:
Post a Comment