Monday, March 2, 2015

လက်ပံတန်းက ပင်မ ကျောင်းသား သပိတ် ချီတက်ခွင့်မရ

ABC

အမျိုးသားပညာရေး ​ဥပဒေပြင်ဆင်ဖို့အတွက် ​လွှတ်တော်က ​အချိန်ဆွဲနေတဲ့အတွက် ​ဆန္ဒပြကျောင်းသားအဖွဲ့တွေက ​ဒီကနေ့ ​ချီတက်ဆန္ဒပြမှုတွေ ​ပြုလုပ်ကြပေမယ့် ​လက်ပံတန်းမှာ ​တားဆီးမှုတွေ ​ဖြစ်နေပါတယ်။

လက်ပံတန်းက ​ပင်မသပိတ် ​စစ်ကြောင်းတွေ ​တည်းခိုနေတဲ့ ​အောင်မြေဗိမ္မာန်ကျောင်းတိုက်ကို ​ရဲတွေက ​အင်အား ​၃၀၀ ​လောက်အပြင် ​မီးသတ်ကားတွေကလည်း ​ရောက်လာပြီး ​ပိတ်ဆို့မှုတွေ ​လုပ်ထားတယ်လို့ ​ဆိုပါတယ်။

ကျောင်းသားတွေကတော့ ​သူတို့ကို ​၁၀ ​မိနစ်အတွင်း ​လမ်းဖယ်ပေးဖို့ ​တောင်းဆိုနေပြီး ​သူတို့ ​လက်ထဲမှာ ​ဘာလက်နက်မှ ​မရှိဘူးလို့ ​ပြောဆိုနေပါတယ်။ 

မြန်မာအစိုးရရဲ့ ​၂၈ ​ရက်နေ့ ​ ထုတ် ​ထုတ်ပြန် ​ချက်ထဲမှာတော့ ​ကျောင်းသားတွေကနေ ​တင်ပြထားတဲ့ ​ဥပဒေမှုကြမ်းကို ​ဆွေးနွေးဆောင်ရွက်နေတဲ့အတွက် ​ဒီအချိန်အတောအတွင်း ​ဆန္ဒပြမှုတွေကို ​ရပ်ဆိုင်းထားဖို့၊ ​လိုက်နာမှု ​မရှိရင် ​အရေးယူမယ်လို့ ​ထုတ်ပြန်ထားပါတယ်။

ကျောင်းသားတွေကတော့ ​ဥပဒေမူကြမ်းအတွက် ​အချိန်က ​ဘယ်လောက်ကြာမှာလဲ ​ဆိုတာကို ​အတိုင်းအတာ ​တစ်ခု ​အနေနဲ့ ​သိရရင်တော့ ​ဆန္ဒပြမှုကို ​ရပ်တန့်ပေးမယ်လို့ ​ပြောနေပါတယ်။

အခုလောလောဆယ် ​လမ်းဖယ်ပေးဖို့ ​တောင်းဆိုနေပြီး ​မဖယ်ပေးရင် ​ညှိနှိုင်းဆွေးနွေးမှု ​မလုပ်ဘူးလို့ ​ကျောင်းသားတွေက ​ပြောပါတယ်။

No comments:

Post a Comment