အောင်သူရထွန်း
မကွေး(ကံပြား) လမ်းမိုင်တိုင်အမှတ် ၃ မိုင် ၄ ဖာလုံအနီး ဖေဖော်ဝါရီ ၂၁ ရက်က မီးလောင်ဒဏ်ရာများနှင့် သေဆုံးနေသော အမျိုးသမီး၏ ကိုယ်ခန္ဓာပေါ်တွင် ဝတ်ဆင်ထားသော ပစ္စည်းများမှာ ဖန်စီမဟုတ်ဘဲ စိန်နှင့် ရွှေထည်ပစ္စည်းများ ဖြစ်နေသည်ဟု အမှုစစ်အရာရှိ တက်ရှိန်းစခန်းမှူး ရဲအုပ်တင့်လွင်က အတည်ပြုပြောသည်။
ရဲအုပ်က ''ငရဲမီးနဲ့ နှစ်ခါလောက် စစ်ဆေးကြည့်မှ စိန်ဟန်းချိန်းနဲ့ စိန်ဆွဲသီး အစစ်ဖြစ်နေတယ်၊ စိန်ဟန်းချိန်း တန်ဖိုး ခြောက်သိန်းခန့် ရှိမယ်လို့ ခန့်မှန်းရပြီး စိန်ဆွဲသီးကတော့ တန်ဖိုးလေးသိန်းခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်'' ဟု ဆိုသည်။
မူလက ဖန်စီဟန်ချိန်းနှင့် ဖန်စီလော့ကက်သီးဟု ခန့်မှန်းထားခြင်းသည် မီးရှို့ခံထားရာမှ လူ့အဆီများနှင့် မည်းနက်နေခြင်းကြောင့် ချက်ချင်း သိရှိရန် ခက်ခဲခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ အမျိုးသမီးအား ကာမစပ်ယှက်ထား ခြင်းရှိမရှိကိုမူ ကိုယ်ခန္ဓာနေရာအတော်များများ မီးလောင် ကျွမ်းထားခြင်းကြောင့် ဆေးပညာအရ ခက်ခဲနေသော်လည်း ကိုယ်ဝန်မဆောင်ဖူးခြင်းနှင့် ကိုယ်ဝန်မရှိ ခြင်းကိုမူ အတည်ပြုနိုင်ကြောင်း ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။
ထို့အပြင် ရဲမှူးကြီးက ''ကာယကံရှင် ဘယ်သူဖြစ် တယ်ဆိုတာကို စုံစမ်းနေဆဲပါ၊ ပစ္စည်းလိုချင်လို့ မဟုတ် ဘဲ လူမှုရေးကိစ္စ အခြားကိစ္စတွေရှိတယ်လို့ပဲ ယူဆထားပါတယ်'' ဟု မဇ္ဈိမကို ပြောသည်။
ယင်းအမှုကို တက်ရှိန်းရဲစခန်းတွင် ပ-၄/၂ဝ၁၅ ဖြင့် အမှုဖွင့်ထားကာ ပုဒ်မ ၃ဝ၂ လူသတ်မှုနှင့် ပုဒ်မ ၂ဝ၁ အလောင်း ဖျောက်ဖျက်မှုတို့ဖြင့် အမှုဖွင့်ထား ကြောင်းသိရသည်။
No comments:
Post a Comment