Wednesday, June 3, 2015

လော်ခီးလာ တိုင်းရင်းသား ညီလာခံ ယနေ့ စတင်ပြီ

ကျော်ခ


အစိုးရစစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ပါဝင်သည့် တိုင်းရင်းသားညီလာခံတရပ်ကို ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ယနေ့စတင်ကျင်းပကြောင်း သိရှိရသည်။

လော်ခီးလာတွင် ကျင်းပသည့် “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင် များ အစည်းအဝေး” ကို ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး အစည်းအဝေးသို့ တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့စည်းတွေနဲ့ စုဖွဲ့ထားတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

၅ ရက်ကြာ ကျင်းပမည့် တိုင်းရင်းသား ညီလာခံတွင် တနိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Single Text အတည်ပြု (မူကြမ်း) ကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လော်ခီးလာ တိုင်းရင်းသားညီလာခံသို့ ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယား၊ တရုတ် နိုင်ငံ အာရှရေးရာအထူးသံတမန် H.E Mr. Sun Guo Xiang၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း (မြန်မာနိုင်ငံ ဆက်ဆံ ရေးရုံး) ရုံးအုပ်ကြီး Yuji Mori အပါအဝင် အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရှိရသည်။

No comments: