ကေဇူး
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရခိုင်ပြည်နယ်၏ အထင်ကရ သာမက ကမ္ဘာ့အဆင့်မီ မြို့တစ်မြို့ဖြစ်အောင် တည်ဆောက်နေသည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မေ ၃၁ Orchid ဟိုတယ်တွင် ပြုလုပ်သောရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် တည်ငြိမ်ရေး အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစွာ လုပ်ကိုင်နေခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
"ပျော်ချင်ရင် ရခိုင်ကိုလာ၊ ပျော်ချင်ရင် စစ်တွေကိုလာခဲ့ အားလုံးပျော်ရစေမယ်၊ စစ်တွေမြို့ကြီးဟာ အရင်ကလိုမဟုတ်တော့ဘူး ပြည်သူတွေအားလုံး ယုံကြည်မှုတွေနဲ့ ပျော်ရွှင်နေကြပြီ" ဟု ဦးမောင်မောင်အုန်းက ပြောကြားလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဒုက္ခသည်များ ပြန်လည် နေရာချထားရေးကိစ္စ အကြပ်အတည်းများလည်း ဖြစ်ပေါ်လျှက်ရှိ နေသေးသော်လည်း ထိုကိစ္စများသည် ဖွံ့ဖြိုးမှုရှိမှ ပြေလည်မည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းအောင်က "မြင်သာထင်သာတဲ့နေရာတွေမှာ ဖွံ့ဖြိုးနေတာဟာ ဖွံ့ဖြိုးမှု အစစ်အမှန်မဟုတ်ပါဘူးဗျ၊ တကယ့်ကို လိုအပ်တဲ့ တိုင်းရင်းသား ကျေးရွာတွေကို ဖွံ့ဖြိုးအောင်လုပ်ရမှာပါ"ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ်အဖြစ် ဦးမောင်မောင်အုန်း တာဝန်ယူစဉ် ပြည်ထောင်စု အစိုးရက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ငွေကျပ် သန်းပေါင်းတစ်သောင်းခွဲ ချထားပေးခဲ့သေးသည်။
No comments:
Post a Comment