မဇ္ဈိမ
မြန်မာနိုင်ငံတွင် ရုပ်သံလွှင့်ဥပဒေသစ် အတည်ပြုရန် ပြီးစီးခါနီးပြီးဖြစ်ရာ မြန်မာနိုင်ငံ၏ ရုပ်သံလွှင့် လုပ်ငန်း တွင်ပြောင်းလဲမှုများ ဖြစ်လာတော့မည်ဖြစ်ကြောင်း CommuniCast မီဒီယာထုတ်ပြန်ချက်တစ်ရပ်တွင် ဇူလိုင် ၁၆ ရက်က ဖော်ပြသည်။
CommuniCast အခမ်းအနားနှင့် မြန်မာ ဒုတိယမြောက် ဆက်သွယ်ရေးဂြိုဟ်တုဖိုရမ်တို့ အကြီးအကျယ်အောင်မြင် ခဲ့သည်။ မြန်မာအစိုးရက ရုပ်သံလွှင့်ဥပဒေနှင့်အတူ လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို စီမံကိန်းချဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏ မီဒီယာလုပ်ငန်များ တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်သည်။
ရုပ်သံလွှင့်ဥပဒေအတည်ပြုပြဌာန်းခြင်းဖြင့် မြန်မာအစိုးရက အခြေခံအဆောက်အအုံ ကဏ္ဍာများ ဖွံ့ဖြိုးရေးကို ဦးတည်ဆောင် ရွက်နေသည်ဟု သိသာစေသည်။ "ရုပ်သံလွှင့်လုပ်ငန်းက အရှိန်နဲ့ ပြောင်းလဲနေတယ်။ စီးပွားရေး၊ ကုန်သွယ်ရေး ၊နိုင်ငံဂုဏ်သိက္ခာ ၊နိုင်ငံတော်လုံခြုံရေး အမြင်တို့ ကနေ အကြောင်းအရာအမျိုးမျိုးတို့အတွက် တောင်းဆိုမှုများ များပြားလာတယ်။ လက်ရှိမှာ ကျွန်တော်တို့ ထိပ်တန်း ဦးစားပေးတာ ကဂြိုဟ်တုစီမံကိန်းပဲဖြစ်ပါတယ်။ လာမယ့် မဝေးတော့တဲ့ အနာဂတ်ကာလမှာ အကောင်အထည်ဖော်နိုင်ဖို့ လုပ်ကိုင်နေပါတယ်။" ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်ကပြောသည်။
"ဆက်သွယ်ရေးကဏ္ဍ ကြီးထွားဖွံ့ဖြိုးရေးကို ကျွန်တော်တို့တွေ ကောင်းစွာလုပ်ဆောင်ပါတယ်။ ဒါပေမယ့်ခြေလှမ်း အစပဲ ရှိပါသေး တယ်။ ကျွန်တော်တို့ အရှိန်မြင့်လုပ်ဆောင်နေပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လုပ်ဆောင်နေတယ်။ ပြည်သူတွေက ဝန်ဆောင်မှုအရည်သွေးကို စိစစ်တတ်လာပြီး ရွေးချယ်စရာတွေလည်း များလာပါပြီ။"ဟု ၎င်းကဖြည့်စွက်ပြောခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမအကြိမ် ဆက်သွယ်ရေးဂြိုဟ် တုဖိုရမ်တွင် ဂြိုဟ်တုပိုင်ဆိုင်နိုင်ရေးက အဓိက အကြောင်းအရာဖြစ် ခဲ့သည်။ ၂၀၁၅ နိုဝင်ဘာ ၁၈ တွင် ထပ်မံကျင်းပမည့် ဖိုရမ်အခမ်းအနားတွင် ရုပ်သံလွှင့်ဥပဒေသစ်က အဓိကဆွေးနွေးစရာ အကြောင်း အရာဖြစ်လာမည်ဖြစ်သည်။
No comments:
Post a Comment