Saturday, July 4, 2015

တိုက်ရိုက်ပြည်ပ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာခြောက် ဘီလီယံမျှော်လင့်

မဇ္ဈိမ

ယခု ဘဏ္ဍာရေးနှစ်တွင် တိုက်ရိုက်ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ ရရှိမည်ဟု မျှော်လင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနစာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၌ ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံရရှိခဲ့သည်ဟုလည်းဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခု ဇွန်လအတွင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသော ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၂၈ ခုရှိကြောင်း မြန်မာ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်ဟု ဇူလိုင် ၃ ရက်နေ့ထုတ် အစိုးရထုတ် သတင်းစာ၌ဖော်ပြသည်။

ဇွန်လအစောပိုင်းက ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၅ ခု နှင့် ဇွန်လနှောင်းပိုင်း ၁၃ ခု အသီးသီး ခွင့်ပြုမိန့် ကျထားခြင်းဖြစ်သည်။ သစ်အချောကိုင်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ အိမသုတ်ဆေး၊ ပလတ်စတစ်ထုတ်ကုန် ပစ္စည်းလုပ်ငန်း၊ ဆောက်လုပ်ရေး ပစ္စည်းနှင့် ဘတ်စ်ကားတပ်ဆင်ခြင်း-ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများလုပ်ဆောင်ကြမည်ဟု သတင်းစာကရေးသည်။

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းများအတွင်း အထည်ချုပ်စက်ရုံများ တည်ဆောက်လုပ်ကိုင်သွားကြမည်ဟုလည်း သိရသည်။ ၂၀၁၅ ခု မေလအထိ မြန်မာနိုင်ငံတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ၌ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်းပေါင်း တသောင်းလေးထောင်ကျော်ဖြင့် ထိပ်ဆုံး၌ ရှိနေပြီး ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်နှင့် ယူကေ နိုင်ငံတို့က အစဉ်လိုက် ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

No comments:

Post a Comment