Saturday, August 15, 2015

ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ နုတ်ထွက်ခွင့်ပြု၍ ဒုဝန်ကြီးတစ်ဦး အသစ်ခန့်

မဇ္ဈိမ

ပြည်ထောင်စုဝန်ကြီး လေးပါးနှင့် ဒုဝန်ကြီး လေးပါးတို့က ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် တင်ပြလာရာ ပြည်ထောင်စုသမ္မတက မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ) နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က)(ခ)တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် သမ္မတက သြဂုတ် ၁၂ ရက်စွဲဖြင့် နုတ်ထွက် ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၊ ၆/၂၀၁၅ ဖြင့် နုတ်ထွက်ခွင့် ပြုလိုက်သည့် ပြည်ထောင်စု ဝန်ကြီးများမှာ သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်ဟိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဝန်ကြီး ဦးသန်းဌေးတို့ ဖြစ်ကြသည်။

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၊ ၈/၂၀၁၅ ဖြင့် နုတ်ထွက်ခွင့် ပြုလိုက်သည့် ဒုဝန်ကြီးများမှာ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးပိုက်ထွေး၊ သာသနာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင်ဌေး၊ သမ၀ါယမ ၀န်ကြီးဌာန ဒုဝန်ကြီး ဦးသန်းထွန်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့ ဖြစ်ကြသည်။

တဖန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ သြဂုတ် ၁၂ ရက်စွဲပါ အမိန့်အမှတ်၊ ၁၀/၂၀၁၅ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၇ တို့ပါ ပြဋ္ဌာန်းချက် များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်သန်းထွဋ်အား နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

No comments: