Thursday, August 13, 2015

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်အောင်စိုးအား ပြည်ထဲရေးဒုဝန်ကြီး အဖြစ်ခန့်အပ်

ဇော်ခမ်းဟိန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၇ ပါ ပြဌာန်းချက်များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်အောင်စိုးအားပြည်ထဲရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က (အမိန့်အမှတ်၊ ၄/၂၀၁၅) ဖြင့် သြဂုတ်လ ၁၁ ရက်နေ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခင်ပြည်ထဲရေး ဒုတိယ၀န်ကြီးမှာ ကျော်ကျော်ထွန်း ဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုဖြစ်သည်။ -

No comments: